အစ္စရေးနဲ့တင်းမာနေချိန် အီရန်က စစ်ရေးပြ ၊ ဒေသတွင်းမှာ နောက်ထပ်ရာဇဝတ်မှုတွေ မကျူးလွန်ဖို့သတိပေး

တီဟီရန်၊ စက်တင်ဘာ-၂၂-၂၀၂၄
ရတီ (VOM)
အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုတွေမြင့်တက်နေချိန်မှာ အီရန်ဟာ မြို့တော်တီဟီရန် စစ်ရေးပြပွဲပြုလုပ်နေပြီး အစ္စရေးအနေနဲ့ ဒေသတွင်းမှာ နောက်ထပ် ရာဇဝတ်မှုတွေ မကျူးလွန်ဖို့ အီရန်သမ္မတ မာဆွတ်ပီဇက်ရှကီယန်က သတိပေးလိုက်ပါတယ်။
၁၉၈၀ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အီရန်-အီရတ် စစ်ပွဲ နှစ်ပတ်လည်နေ့တိုင်း အီရန်ဟာ နိုင်ငံတဝန်းမှာ စစ်ရေးပြပွဲတွေကို နှစ်စဉ်ပြုလုပ်လေ့ရှိပါတယ်။ စည်းလုံးညီညွှန်မှုရှိနေရင် အစ္စရေးဟာ ဒေသတွင်းမှာ ရာဇဝတ်မငတွေ ကျူးလွန်နိုင်မှာမဟုတ်ဘူးလို့ သမ္မတက သူ့ရဲ့မိန့်ခွန်းမှာ ပြောပါတယ်။
လက်ရှိစစ်ရေးပြပွဲမှာတော့ အီရန်စစ်တပ်ဟာ ဒုံးကျည်တွေ၊ တင့်တားတွေနဲ့ အသေခံဒရုန်းအမျိုးအစားသစ်တွေကို ထုတ်ဖော်ပြေသခဲ့ပါတယ်။ Shahed-136B ဒရုန်းအမျိုးအစားဟာ ကီလိုမီတာ ၄၀၀ ကျော်ထိ ပျံသန်းတိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။
ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာ အီရန်နိုင်ငံ မြို့တော်တီဟီရန်မှာ ဇူလိုင်လအတွင်းက လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် အစ္စရေးကို လက်တုံ့ပြန်မယ်လို့ အီရန်က ကတိပြုပြောဆိုထားပါတယ်။
မကြာသေးမီက ဟဇ်ဘိုလာအဖွဲ့အခြေစိုက်ရာ လက်ဘနွန်မှာ ဆက်သွယ်ရေးစက်တွေ ဆက်တိုက်ပေါက်ကွဲမှုကြောင့် လူ ၃၀ ကျော်သေဆုံးပြီး ၃၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့တာဟာ အီရန်လက်ချက်လို့လည်း စွပ်စွဲထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဟဇ်ဘိုလာအဖွဲ့က အစ္စရေးအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုမှာ အရှေ့အလယ်ပိုင်းဒေသက စစ်သွေးကြွအဖွဲ့တွေ ပါဝင်လာနိုင်ကြောင်း အီရန်က အရိပ်အမြွတ် ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:NHK
Photo:AFP/Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW