ရုရှားတောင်ပိုင်းရှိ အဓိက လက်နက်သိုလှောင်ရုံကို ယူကရိန်းတပ်တွေ တိုက်ခိုက်ဖျက်စီး



ကိဗ်ယက်၊ စက်တင်ဘာ-၂၂-၂၀၂၄
မျိုးဆက်(VOM)

ရုရှားတပ်ဖွဲ့တွေအတွက် အရေးပါတဲ့ လက်နက်ထောက်ပံ့ပို့ဆောင်ရေးစခန်းဖြစ်တဲ့ လက်နက်သိုလှောင်ရုံတခုကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။

ရုရှားတောင်ပိုင်း ခရက်စ်နိဒါဒေသရှိ လက်နက်သိုလှောင်ရုံဟာ ရုရှားရဲ့ အကြီးဆုံး လက်နက်သိုလှောင်ရေးစခန်း သုံးခုထဲက တခုဖြစ်တယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်က ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမီးလောင်မှုတွေကို အေပီသတင်းဌာနကလည်း တင်ပြထားပါတယ်။ အဲဒီလက်နက်သိုလှောင်ရုံကို တိုက်ခိုက်ချိန်မှာတော့ မြောက်ကိုရီးယားက ပေးပို့ထားတာတွေအပါအဝင် လက်နက်ခဲယမ်းမီးကျောက် တန်ချိန် ၂၀၀၀ ရှိနေတယ်လို့ ယူကရိန်းကပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း လူအသေအပျောက်မရှိကြောင်းနဲ့ သိုလှောင်ရုံအနီးက လူ ၁၂၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ခရက်စ်နိုဒါဒေသ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ယူကရိန်းတပ်တွေဟာ ရုရှားအနောက်မြောက်ပိုင်းက လက်နက်သိုလှောင်ရုံတခုကိုလည်း တိုက်ခိုက်ခဲ့ကြောင်း မကြာသေးမီက ထုတ်ပြန်ထားပါတယ်။ ယူကရိန်းဟာ ရုရှားတပ်တွေရဲ့ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကို တိုက်ခိုက်ပြီး ချိနဲ့အောင်လုပ်ဆောင်နေကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပါတယ်။

လာမယ့်သီတင်းပတ်အတွင်းမှာတော့ ယူကရိန်းသမ္မတ ဇီလန်စကီးဟာ အမေရိကန်ကို သွားရောက်ပြီး သမ္မတဂျိုးဘိုင်ဒင် ၊ ဒုသမ္မတ ကမလာဟားရစ်တို့နဲ့ တွေ့ဆုံဆွေးနွေးပြီး ယူကရိန်းကို ဆက်လက်ထောက်ခံ ပံ့ပိုးမှုတွေနဲ့ တာဝေးပစ်လက်နက်တွေနဲ့ ရုရှားပိုင်နက်ထဲက ပစ်မှတ်တွေကို ပစ်ခွင့်အပါအဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်မှာဖြစ်ပါတယ်။

Ref:NHK
Photo:Guardian

Related posts

Leave a Comment

VOM News

FREE
VIEW