အီရန် ကျောက်မီးသွေးတွင်းပေါက်ကွဲမှု ၅၁ ယောက်ပြီး ၂၀ ကျော်ပျောက်ဆုံး

တီဟီရန်၊ စက်တင်ဘာ-၂၃-၂၀၂၄
ရတီ(VOM)
အီရန်နိုင်ငံအရှေ့ပိုင်းရှိ ကျောက်မီးသွေးတွင်းတခုမှာ ဓါတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုကြောင့် လူ ၅၁ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မြို့တော်တီဟီရန်ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၅၄၀ အကွာ တောင်ခါရာဆွန်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဒီမတာ်တဆမှုအတွင်း လူ ၂၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ မတာ်တမှုအတွင်း လူ ၂၄ ယောက်လည်း ပျောက်ဆုံးနေတယ်လို့ အီရန်လခြမ်းနီအဖွဲ့အကြီးအကဲကို ကိုးကားပြီး နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။
ပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် ည ၉ နာရီမှာ ဖြစ်ပွားခဲ့ပြီး မီးသိန်းဓါတ်ငွေ့ ပေါက်ကွဲခဲ့တာဖြစ်ကာ အခင်းဖြစ်ပွားချိန်မှာ ကျောက်မီးသွေးလုပ်ကွက်မှာ အလုပ်သမား ၆၉ ယောက်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရသူတွေကို ဦးစားပေးကုသပေးနေပြီး ပိတ်မိနေသူများကိုလည်း ကယ်ဆယ်ရေးများ အပူတပြင်းလုပ်ဆောင်နေပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုနဲ့ အမှားအယွင်းတွေကို ဆက်လက်အရေးယူသွားမယ်လို့ ဒေသန္တရအစိုးရရှေ့နေ အလီနက်ဆရီက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ကလည်း နိုင်ငံမြောက်ပိုင်း ကျောက်မီးသွေးပေါက်ကွဲမှုကြောင့် လူခြောက်ယောက်သေဆုံးခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း အာဇက်ရှဟာမြို့မှာ သတ္တုတွင်းပေါက်ကွဲမှုကြောင့် လူ ၄၃ ယောက်သေဆုံးခဲ့ပါသေးတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW