ရှမ်း/မြောက် မူဆယ် – နမ့်ခမ်းလမ်း အသွားအလာ ပိတ်ထား

စက်တင်ဘာ ၂၃၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နယ်စပ်ဖြစ်တဲ့ မူဆယ် – နမ့်ခမ်း လမ်း ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့ မနက်ကစ အသွားအလာ ပိတ်ထားကြာင်း ဒေသခံ တွေ ဆီက သိရပါတယ်။
“ဒီမနက်တော့ မူဆယ် – နမ့်ခမ်းလမ်း ပိတ်သွားတယ်။ ကျားဖြန့် ဖမ်းတယ် လို့ ကြားတာပဲ။ မနေ့ည ကတည်းက ဖမ်းနေတယ် ပြောတယ်။ မူဆယ် အဝင်ပဲရတယ်။ မထွက်ခိုင်းဘူး လို့ ပြောတယ်။”
တချို့မူဆယ်ဘက် သွားမယ့်လူတွေ တောင် ဝင်သွားရင် ပြန်ထွက်လို့ မရဘူး ဆိုလို့ ပြန်လှည့်သွားကြတယ် လို့ သူက ပြောပါတယ်။
“ဒီနေ့ မူဆယ် – နမ့်ခမ်းလမ်းပိတ်လို့ နယ်စပ်ဂိတ်ပေါက် အဝင်အထွက် လူတောင် မရှိဘူး။ တန်းစီ စရာ တောင်မလိုဘူး။” လို့ ဈေးသည် အမျိုးသမီး တယောက်က ပြောပါတယ်။
နမ့်ခမ်းလမ်းက ၄၊ ၅ ရက်ကြာ ပိတ်မယ်လို့ သိရပြီးလမ်းပိတ်သွားလို့ ဝယ်ထားတဲ့ ပစ္စည်းတွေမထုတ်တော့ဘူး လို့ သူက ပြောပါတယ်။ မူဆယ်ကားသမားတွေလည်း တချို့တွေက မစောင့်နိုင်တော့လို့ ပြန်လှည့်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
Photo Crd# ယာဉ်မောင်းတယောက်

Related posts

Leave a Comment

VOM News

FREE
VIEW