အိန္ဒိယအရှေ့ပိုင်း ဘာသာရေးပွဲတော်တခုမှာ ကလေးငယ်အများစုအပါအဝင် လူ ၄၆ ယောက် ရေနစ်သေဆုံး



ဒေလီ၊ စက်တင်ဘာ-၂၇-၂၀၂၄
ရတီ(VOM)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဟိန္ဒူဘာသာရေးပွဲတော်တခုမှာ ကလေးငယ် ၃၇ ယောက်နဲ့ အမျိုးသမီး ခုနှစ်ယောက်အပါအဝင် လူ ၄၆ ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပွဲတော်ကာလအတွင်း မကြာသေးမီက ရေကြီးရေလျှံခဲ့သည့် မြစ်ချောင်းများအတွင်း ရေဆင်းချိုးရာမှ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ခရိုင် ၁၅ ခုမှာလည်း သေဆုံးမှုတွေရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဂျီဗစ်ပူထရာကာ ပွဲတော်ဟာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပွဲတော်ဖြစ်ပြီး ကလေးငယ်များဟာ မိခင်တွေနဲ့အတူ ဥပုသ်စောင့် ၊ ကုသိုလ်ပြုတာတွေ ပြုလုပ်ကြတာဖြစ်ပါတယ်။ ပွဲတော်ကျင်းပဖို့ ရေချိုးကြစဉ်မှာ လူအများအပြားဟာ မြစ်တွေရေကြီးမှုကို လျစ်လျူရှုခဲ့ကြတယ်လို့ ဘီဟာပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။

ရေနစ်သေဆုံးသူ တိုးလာမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။ အိန္ဒိယနိုင်ငံမှာ ဘာသာရေးပွဲတော်တွေမှာ လုံခြုံရေးအစီအမံတွေ လိုက်နာမှုအားနည်းတာနဲ့ လူအုပ်နဲ့ကျင်းပတာမျိုးတွေကြောင့် လူအသေအပျောက်များတဲ့ မတော်တဆမှုတွေ အဖြစ်များပါတယ်။

ဇူလိုင်လအတွင်းကလည်း နိုင်ငံမြောက်ပိုင်း ဥတာပရောဒေ့ရှ်ပြည်နယ်မှာ ဘာသာရေးအခမ်းအနားတခုမှာ လူအုပ်ပြိုကျပြီး ၁၂၁ ယောက်သေဆုံးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကလည်း ဟိန္ဒူရိုးရာပွဲတော်ကျင်းပစဉ် လူအုပ်ထဲ ရထားဝင်တိုက်လို့ လူ ၆၀ ကျော်သေဆုံးခဲ့ပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW