ဟဇ်ဘိုလာခေါင်းဆောင် သေပြီလို့ အစ္စရေးစစ်တပ် ကြေညာ

 

တဲလ်အဗစ်၊ စက်တင်ဘာ-၂၈-၂၀၂၄
မျိုးဆက်(VOM)

လက်ဘနွန်နိင်ငံ မြို့တော်ဘေရွတ်ကို ပြီးခဲ့တဲ့နေ့ညက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နာဆရယ်လာ သေဆုံးသွားကြောင်း အစ္စရေးစစ်တပ်က ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဟဇ်ဘိုလာအဖွဲ့ကတော့ တစုံတရာ လူသိရှင်ကြား ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ အစ္စရေးဟာ ဘေရွတ်တောင်ပိုင်းမှာ ဒီနေ့စက်တင်ဘာ ၂၈ ရက် မနက်အစောပိုင်းထိ အပြင်းအထန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အစ္စရေးရဲ့ စစ်ဆင်ရေးဟာ ဟဇ်ဘိုလာခေါင်းဆောင်ကို ပစ်မှတ်ထား သုတ်သင်ဖို့ဖြစ်ပြီး ဟဇ်ဘိုလာဌာနချုပ်ကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

ပြင်ဆင်မှုတွေ အများကြီးလုပ်ပြီးမှ ဟဇ်ဘိုလာခေါင်းဆောင်နဲ့ သူတို့ရဲ့ဌာနချုပ်ကို ပစ်မှတ်ထားတိုက်ခိုက်မယ့် စစ်ဆင်ရေးကို စတင်ခဲ့တာလို့ အစ္စရေးစစ်တပ် တာဝန်ရှိသူက ပြောပါတယ်။ အချိန်ကိုက် အတိအကျ လုပ်ခဲ့တာလို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း လက်ဘနွန်မှာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လူ ၈၀၀ နီးပါး သေဆုံးပြီး ၉၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ လက်ဘနွန်အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက လက်ဘနွန်မှာ ဆက်သွယ်ရေးဆက် ပေဂျာတွေနဲ့ စကားပြောစက်တွေ ပေါက်ကွဲမှုကြောင့် လူ ၃၀ သေဆုံးပြီး ၃၀၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး ဒါဟာ အစ္စရေးလက်ချက်လို့ ဟဇ်ဘိုလာတို့က စွပ်စွဲထားကာ နှစ်ဖက်အကြား တင်းမာမှုတွေ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW