ရေနံချောင်းမှာ ရဲဒုတပ်ကြပ်နှစ်ယောက် ပစ်ခတ်ခံရလို့ သေဆုံး


ဒီဇင်ဘာ ၁၂ -၂၀၂၄
GG (VOM)

မကွေးတိုင်း၊ရေနံချောင်းမြို့နယ်ထဲမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံPDF တွေအကြားပစ်ခတ်မှုဖြစ်ပြီး ရဲဒုတပ်ကြပ်နှစ်ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။

ပစ်ခတ်မှုအတွင်းသေဆုံးခဲ့တဲ့ ရဲဒုတပ်ကြပ်နှစ်ယောက် ရေနံချောင်းမြို့နယ်၊လက်မှတ်ကုန်းနယ်မြေရဲစခန်းက ရဲဒုတပ်ကြပ်အောင်ဒင် နဲ့ ဒုတပ်ကြပ်မြတ်စိုးနိုင်ဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။

” မနေ့က မကျည်းတိုင်း-ဖိုးကိုးလမ်းပေါ်မှာ ဖြစ်ကြတာပါ။ရဲတွေကအရပ်ဝတ်နဲ့ဆိုင်ကယ်နဲ့သွားချိန် pdf တွေကပစ်တော့အပြန်အလှန်ပစ်ကြရင်း ရဲနှစ်ယောက်လုံးသေတယ်။ အလောင်းတွေကိုလည်း pdf တွေကပဲယူသွားကြတယ်။ပစ်ခတ်မှုပြီးတော့ ရဲကားတွေလည်းသွားကြတာတွေ့တယ်။ ” လို့ ဒေသခံကပြောပါတယ်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်နှစ်ယောက် သတ်ဖြတ်မှုကိုတော့ People’s Defence Force -Yenangyaung ၊Tamar Myay Special Coloum နဲ Midland Dolphin’s Coloum တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သတင်းထုတ်ထားပါတယ်။

ရဲတပ်ဖွဲ့ဝင်နှစ်ယောက်က အရပ်ဝတ်နဲ့ pdf တွေသတင်းလိုက်လံစုံစမ်းနေကြောင်းသတင်းရတဲ့အတွက် လမ်းကနေကြိုစောင့်ပြီးဖမ်းဆီးဖို့လုပ်စဥ် ရဲဘက်ကနေလက်ပစ်ဗုံးနဲ့ပြန်ခုခံတာကြောင့်ပစ်ခတ်ရင်း သေဆုံး ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း ချောက်မြို့နယ်ရှိ ဟိုတယ်တခုမှာ ပစ်ခတ်မှုဖြစ်ပွားပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

မေလတုန်းကလည်းရေနံချောင်းမြို့နယ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင် တွေနဲ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခံရ ပြီး ငါးယောက်သေကာထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့သိရပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW