မြန်မာ့လေကြာင်းလိုင်းက ရန်ကုန် – လွိုင်ကော် ခရီးစဥ်ကို အမြန်ဆုံး ပြန်လည် ပြေးဆွဲပေးမယ်

နေပြည်တော်၊ ဇူလိုင်- ၈ -၂၀၂၆
KKL(VOM)
မြန်မာ့လေကြာင်းလိုင်း အနေနဲ့ ရန်ကုန်-လွိုင်ကော် ခရီးစဥ်ကို ပြေးဆွဲနိုင်ဖို့ လေယာဥ်ပြေးလမ်းနဲ့ လေဆိပ်ဝန်ဆောင်မှုအားလုံး ပြီးစီးနေတဲ့အတွက် အမြန်ဆုံးပြေးဆွဲပေးဖို့ လုပ်ဆောင်နေပြီလို့ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီးကပြောပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့က လွိုင်ကော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ရွှေရဲ့ ရပ်နားထားခဲ့တာအချိန်ကာလကြာမြင့်နေတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ ရန်ကုန်လွိုင်ကော် အသွားအပြန်ခရီးကို မည်သည့်အချိန်မှာ မည်သည့်နှုန်းထားနဲ့ ပြန်ပြေးဆွဲပေးဖို့ သိရှိလိုတဲ့မေးမြန်းမှုအပေါ် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီး က အမြန်ဆုံးပြန်လည်ပြေးဆွဲပေးဖို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။
ပို့ဆောင်ရေးဒုဝန်ကြီးကတော့ ၂၀၁၃ – ၂၀၁၄ ခုနှစ်ကစပြီး လက်ရှိအချိန်အထိ လွိုင်ကော်လေဆိပ်ပြေးလမ်းတိုးချဲ့ဆောင်ရွက်ခဲ့တဲ့အခြအနေနဲ့ လက်ရှိ လွိုင်ကော်လေဆိပ်ကို လေယဥ်ပြေးဆွဲနိုင်အောင်ဆောင်ရွက်ပြီးစီးတဲ့အခြေအနေတွေကိုရှင်းလင်းမှုနဲ့အတူ လုံခြုံရေးနဲ့ပတ်သက်ပြီး ကယားပြည်နယ်အစိုးရ ကပြန်လည်ခွင့်ပြုထားတဲ့အခြေအနေတွေကို ဖြေကြားပြီးတဲ့နောက် အမြန်ဆုံးပြန်လည်ပြေးဆွဲပေးမယ်လို့ဆိုပြီးတော့ ရန်ကုန်လွိုင်ကော်ခရီးစဥ်အတွက် ၃၂၀၀၀၀ ကျသင့်မယ်လို့ ပို့ဆောင်ရေးဒုတိယဝန်ကြီးက နှုန်းထားကိုပါ တစ်ဆက်ထဲ ပြောဆိုခဲ့ပါတယ်။
လွိုင်ကော်ရန်ကုန်ခရီးစဥ်ကို အရင်က မြန်မာအမျိုးသားလေကြောင်းလိုင်းနဲ့ Air Canbawza လေကြာင်းလိုင်းတို က အပတ်စဥ်ပြေးဆွဲပေးနေတာဖြစ်ပြီး Air Canbawza က၂၀၂၃ သြဂုတ်လကုန်မှာရပ်နားခဲ့ပြီး ၂၀၂၃ နိဝင်ဘာ ၁၃ ရက်မှာ PDF အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပြီးတော့ လွိုင်လေကြာင်းလိုင်းတွေ လုံခြုံရေးအခြအနေအရ ရပ်နားခဲ့ကြတာ အခုဆိုရင် ၄ နှစ်ကျော်ရပ်နားထားကြတာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်ကနေ လွိုင်ကော်ကို ပျံသန်းလာတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ရဲ့ ခရီးသည်တင်လေယာဉ် ဆင်းသက်ခါနီးမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ခရီးသည်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW