မုံရွာ သြဂုတ်- ၃၀-၂၀၂၆
MW(VOM )
စစ်ကိုင်းတိုင်း မုံရွာမြို့ ချမ်းမြဝတီရပ် မနောသုခလမ်းက နေအိမ်တအိမ်မှာ သြဂုတ်လ၃၀ရက်ည၁၁နာရီလောက်က ဆိုလာဘက်ထရီအပူလွန်ကဲပြီးမီးလောင်မှူဖြစ်ခဲ့တာ ၈၄နှစ်အရွယ်အဘိုးတဦး သေဆုံးခဲ့ပါတယ်။
ဆိုလာနဲ့သုံးတဲ့ ဘက်ထရီအပူလွန်ကဲရှော့ဖြစ်ရာကတဆင့် မီးကူးစက်လောင်ကျွမ်းရာမှာ သွပ်မိုး၊ကပ်ကာ၂ထပ်အိမ်တစ်လုံး၊ သွပ်မိုး၊ကပ်ကာ၁ထပ်အိမ်၂လုံး၊ ဆိုင်ကလုံးဆိုင်ငယ်တစီး၊ စူပါကပ်ဆိုင်ကယ်တစီး၊ ဆိုလာ၃ချပ်နဲ့ ဘက်ထရီအိုး၁လုံးတို့မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
မီးလောင်မှုကြောင့် အသက်၈၄နှစ်အရွယ် ဦးအောင်စန်းသေဆုံးခဲ့ပြီး မီးလောင်မှုကို စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှုးရုံး၊ မုံရွာခရိုင်မီးသတ်စခန်း၊ မုံရွာမြို့နယ်မီးသတ်စခန်းတို့အပါအဝင် ရပ်ကွက်တွေက မီးငြိမ်းသတ်ယာဥ် ၅စီး၊ ရေသယ်ယာဥ်၆စီး၊ သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံလူမှုကူညီရေးအဖွဲ့၊ လူငယ်အားမာန်၊ ပေးဆပ်သူလူမှုကူညီရေးအဖွဲ့များက အသင်းဝင်တွေ ဝိုင်းဝန်းငြိမ်းသတ်ရာ ည၁၁နာရီ၂၅မိနစ်မှာ မီးလုံးဝငြိမ်းသွားပါတယ်။
မီးလောင်မှုကို မုံရွာခရိုင်မီးသတ်ဦးစီးမှုး ဦးညီညီဇော်က အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး မုံရွာမြို့အမှတ်(၂)ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ၂၈၅နဲ့ အမှုဖွင့်အရေးယူနိုင်ဖို့ ဆောင်ရွက်နေပါတယ်။
