မန္တလေး၊ စက်တင်ဘာ- ၉- ၂၀၂၆
SA(VOM)
မန္တလေးမြို့၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၃၁ လမ်း၊ ၆၃x၆၄ လမ်းကြားက နေအိမ်တခုမှာ စက်တင်ဘာ ၈ ရက်နေ့ ညနေပိုင်းက အွန်းလိုင်းလောင်းကစားလုပ်ကိုင်နေသူ ၇ ယောက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ဖြစ်စဥ်နေရာကို မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်းပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာမှာ ငွေသား ကျပ်သိန်း ၁၅၀ ကျပ်၊ ကွန်ပျူတာ ၆ လုံး၊ Laptop ၁ လုံး၊ ကွန်ပျူ တာ Mouse ၁ လုံး၊ ဖုန်း ၁၄ လုံး၊ Wifi စက် ၂ လုံး၊ CCTV ၁ လုံး နဲ့ တရားခံ ကျား ၂ ယောက်၊ မ ၅ ယောက်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
တရားခံတွေကတော့ ရဲထက် ၂၃ နှစ်၊ ဗမာ/ဗုဒ္ဓ၊ ၁၂၈ နဲ့ ၅၅(စီ) လမ်းထောင့်၊ (ဆ)ရပ်ကွက်၊ပြည်ကြီးတံခွန်မြို့နယ်၊ ( ခ ) တေဇထိန်လင်း ၂၉ နှစ်၊ ဗမာ/ဗုဒ္ဓ၊ ၆၇ x ၁၀၃ လမ်းထောင့်၊ မြို့သစ်(၁)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ ( ဂ ) မသဉ္ဇာထက် ၂၈ နှစ်၊ ဗမာ/ဗုဒ္ဓ၊ သာစည်ကျေးရွာ၊ ငါန်းဇွန်မြို့နယ်၊ (ဃ) ဒေါ်သီတာသန်း ၅၉ နှစ်၊ ဗမာ/ဗုဒ္ဓ၊ Golden Star Online ဖဲဂိမ်း စက်ကိုင် ၃၁ လမ်း၊ ၆၃x၆၄ လမ်းကြား၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊( င ) မသက်သက်ဇွန် ၂၅ နှစ်၊ ဗမာ/ဗုဒ္ဓ၊ Golden Star Online ဖဲဂိမ်း စက်ကိုင်၊ ၃၁ လမ်း၊ ၆၃x၆၄ လမ်းကြား၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊( စ ) မဟန်ဝင့်ဝါကို ၃၄ နှစ်၊ဗမာ/ဗုဒ္ဓ၊ မြေရောင်း/ဝယ်၊ ၃၁ လမ်း၊ ၆၃x၆၄ လမ်းကြား၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ (ဆ) မနန္ဒာလွင် ၂၄ နှစ်၊ ဗမာ/ဗုဒ္ဓ၊ သူနာပြုအကူ၊ ၃၁ လမ်း၊ ၆၃x၆၄ လမ်းကြား၊ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ချမ်း အေးသာစံမြို့နယ်တွေမှာ နေထိုင်သူတွေဖြစ်ကြတယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိ ကျား(၅)ဦး၊ မ(၂)ဦး၊ ပေါင်း(၇)ဦးတို့အား နမစ(၃၊ ချမ်းအေးသာစံ)၌ အသေးစိတ်စစ်မေးလျက်ရှိပြီး ဒေါ်သီတာသန်း အားကနဦးစစ်ကြောမေးမြန်းချက်အရ ၂၀၂၄ ခုနှစ်တွင် ၎င်း နေအိမ်၌ စတင်၍ Online လောင်ကားလုပ်ငန်းအားစတင်လုပ်ကိုင်ခဲ့ပြီးဝန်ထမ်း ၂ ယောက်အတွက် ၁ ယောက်ကို ၃ သိန်းကျပ်ကနေ ၅ သိန်းကျပ်အထိ Golden Star online အကောင့်ကို ကိုရီးယားနိုင်ငံ Online ပေါ်ရှိ Golden Star အကောင့်ကနေ ကျပ်သိန်း ၁၅၀ နဲ့ ဝယ်ယူပြီး နေအိမ် တူ/တူမတွေနဲ့ အရင်ကစားခဲ့ပြီး သီတာဦး၊ သဲမွန်ဦး၊ လှိုင်ဝင်း နှင့် သဉ်ဇာထကျ တို့ရဲ့ K-pay အကောင့်တွေနဲ့ ငွေသွင်း/ငွေထုတ်လုပ်ကိုင် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ အွန်လိုင်းလောင်ကစားလုပ်ကိုင်သူ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၅ ယောက်ကို အမှတ် ၃ နယ်မြေရဲစခန်းမှာ စစ်ဆေးမှုတွေပြုလုပ်နေပြီး အမှုဖွင့်အရေးယူနိုင်ဖို့ ဆောင် ရွက်သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ လမ်း၈၀၊ ၃၉၄၀ လမ်း ကြားက နေအိမ်တစ်ခုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ဆောင်နေတဲ့ တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံသားတွေပါဝင်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းက ၂၈ ယောက်နဲ့ ဖုန်းအလုံးရေ ၆၀၀ ဝန်းကျင် ဖမ်း ဆီးရမိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
