ရန်ကုန် အင်းလျားကန်ထဲမှာ ဗီယက်နမ်နိုင်ငံသား အမျိုးသားအလောင်းတွေ့

စက်တင်ဘာ ၁၃ ၊ ၂၀၂၆
CC (VOM)
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အင်းလျားကန်ထဲမှာ ဗီယက်နမ်နိုင်ငံသား အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ စက်တင်ဘာ ၁၃ ရက်နေ့မနက်ပိုင်းက တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
ရုပ်အလောင်းနဲ့အတူ ဗီယက်နမ်နိုင်ငံသားစိစစ်ဆေးရေးကဒ် ၊ ဗီယက်နမ်ပတ်စ်ပို့ကို တွေ့ရှိရကြောင်း ၊ အလောင်းကို ရေကြောင်းရဲတပ်ဖွဲ့က တွေ့ရှိခြင်းဖြစ်တယ်လို့ သိရပါတယ်။
” ရဲကလှမ်းအကူအညီတောင်းလို့ သွားပြီးအလောင်းသယ် အကူညီပေးခဲ့တာပါ။ အလောင်းကတော့ နည်းနည်းတော့ ပုတ်နေပြီဆိုတော့ သေတာသုံးရက်လောက်ရှိပြီထင်တယ်။
အသက်က ၂၀ ကျော်အရွယ်ပါ။ ” လို့ မြေပြင်ကူညီရေးလုပ်ခဲ့တဲ့ မိုးစေတနာပရဟိ တအသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ နိုင်ငံခြားသား သေဆုံးမှုနဲ့ပတ်သက်ပြီး လူသတ်မှုလား ၊ ဓမ္မတာအတိုင်း ရေနစ်သေဆုံးမှုလားဆိုတာကိုတော့ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေပါတယ်။
လက်ရှိမှာ ရုပ်အလောင်းကို မြောက်ဥက္ကာဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ထားပြီး သေဆုံးသူရဲ့ မိသားစုတွေနဲ့ အဆက်အသွယ်ရရှိရေးအတွက် တာဝန်ရှိသူတွေက ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၆ ရက်ကလည်း ရန်ကုန်မြို့လယ်ရှိ ကန်တော်ကြီးက ရေကန်အတွင်းမှာ အမျိုးသားတယောက် ရုပ်အလောင်းတွေ့ရှိခဲ့ရပါတယ်။
မေလ ၁၁ ရက်ကလည်း အမေရိကန်သံရုံးက အသက် ၄၃ နှစ်အရွယ် သံတမန်တယောက်ကို ရန်ကုန်ရှိ Sakura Residence ဟိုတယ်မှာ အသတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ – မိုးစေတနာအသင်း

Related posts

VOM News

FREE
VIEW