ဟားခါးက ဆည်​မြောင်းဌာနရဲ့ဒုညွှန်မှူးကို လက်နက်ကိုင်အဖွဲ့က ရုံးထဲထိဝင်ပြီး ဖမ်းသွား

စက်တင်ဘာ ၁၇ ၊ ၂၀၂၆
GG (VOM)
ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ဂေါက်ကွင်းလမ်းဆုံအနီးရှိ ဆည်မြောင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ပိုင်ကို လက်နက်ကိုင်အဖွဲ့တခုက ရုံးအတွင်းဝင်ရောက်ပြီး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့၊ ညနေပိုင်းမှာ ဖမ်းဆီးသွားတာ ဖြစ်ကြောင်း ၊ ဒုညွှန်မှူးကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က ဖမ်းဆီးတယ်ဆိုတာကို မသိရသေးသလို လက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း.သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
” ခုထိတော့ ပြန်လွတ်တဲ့အသံ မကြားသေးဘူး ။ ရုံးထဲအထိဝင်ဖမ်းတာလို့ သိရတယ်။ ကျန်တဲ့အခြေအနေတော့ သိပ်မသိဘူး။ အဲဒီလိုတွေဖြစ်နေတော့ ကျွန်တော်တို့လည်း သိုသိုသိပ်သိပ်ပဲနေရတယ်။ အပြင်ဘာညာလည်း ကိစ္စမရှိဘဲ သိပ်မထွက်ဘူး။ ” လို့ ဟားခါးမြို့မှာ တာဝန်ကျနေတဲ့ အစိုးရဝန်ထမ်းက ပြောပါတယ်။
အခုဖမ်းခံလိုက်ရတဲ့ ဒုညွန်ှကြားရေးမှူးဟာ မကြာသေးခင်ကမှ ရာထူးတိုးအပြောင်းအရွှေ့နဲ့ ဟားခါးကို ရောက်လာတာ ဖြစ်တယ်လို့ ကနဦး သိရပါတယ်။
လက်ရှိမှာ ဟားခါးမြို့ကို အစိုးရတပ်တွေက ထိန်း ချုပ်ထားပြီး ကျေးရွာတွေဘက်မှာတော့ ချင်းလက် နက်ကိုင်အဖွဲ့တွေက သွားလာလှုပ်ရှားမှုရှိသလို နယ် မြေစိုးမိုးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ် ။
ဟားခါးမြို့ကို အစိုးရတပ်က ထိန်းချုပ်ပြီးနောက်ပိုင်းမှာပဲ လက်နက်ကိုင်အဖွဲ့တွေက မြို့တွင်းအထိဝင်ရောက်လှုပ်ရှားပြီး ရဲတပ်ဖွဲ့ဝင်တချို့ကို သေနတ်နဲ့ ပစ်သတ်မှုရှိခဲ့ပါတယ်။
ဇူလိုင် ၁၇ ရက်နေ့မှာ ချင်းပြည်နယ် မြောက်ပိုင်း ၊ ဟားခါးမြို့ပေါ်မှာ ဆိုင်ကယ်နဲ့သွားလာခဲ့တဲ့ အမှတ်(၁၄) ရဲတပ်ရင်းမှူး ဒုရဲမှူးကြီးဇော်ဇော်အောင် နဲ့ ရဲတပ်သားတို့ကို ချင်းလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်မှုဖြစ်ပွား ခဲ့ပါတယ်။
ဩဂုတ်လ ၆ ရက်နေ့ကလည်း ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ CB Bank ရှေ့မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

VOM News

FREE
VIEW