မန္တလေး၊ အောက်တိုဘာ- ၁၂- ၂၀၂၆
SA(VOM)
မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်း က အသင်းဝင် ကိုယ်ပိုင်ကျောင်းအုပ်ချုပ်သူတွေအားလုံး တွေ့ဆုံပွဲကို မန္တလေးမြို့၊ မဟာအောင်မြေမြို့ နယ်၊ ၅၃ လမ်းနဲ့ ၃၂ လမ်းထောင့်က Ceremon Ballroom မှာ မနေ့ အောက်တိုဘာ ၁၁ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနဲ့ မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေအပြင် မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်း က အသင်းဝင် ၃၉၄ ကျောင်းက ကိုယ်ပိုင်ကျောင်း တည်ထောင်သူတွေနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။
အဲ့ဒီပွဲမှာ မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်းကျောင်းများအသင်း ရဲ့ ဥက္ကဋ္ဌ ဒေါ်မြသွေးရည်နဲ့ မဟာအောင်မြေမြို့နယ်၊ KMC ကိုယ် ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဦးခင်မောင်ချို၊ CAE ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဒေါ်နှင်းနှင်းမော် တို့ကို VOM ကတွေ့ဆုံမေးမြန်းထားပါတယ်။
