ရေစကြိုမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ၁၂ ယောက်သေပြီး ဒဏ်ရာရသူများပြား

အောက်တိုဘာ ၁၇ ၊ ၂၀၂၆
GG (VOM)
မကွေးတိုင်း ၊ ရေစကြိုမြို့နယ် မြောက်ဘက်က ကျေးရွာ​တွေမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၂ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့၊ နေ့လယ် ၂ နာရီလောက်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး သစ်ကြီးတောနဲ့ ပိတ်သင်းကပ်ရွာတွေဘက်မှာ တိုက်ခိုက် ခံခဲ့ရတာလို့သိရပါတယ် ။
” လောလောဆယ်သိရသလောက် သေဆုံး ၁၂ ယောက်ဆုံးတယ်။ ထိခိုက်ဒဏ်ရာ ရသူလည်းများတယ်သိရပေမယ့် အတိကျကို အတည်မပြုနိုင်သေး ဘူး။ ” လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
လက်ရှိမှာတော့ အဲဒီသစ်ကြီးတောရွာ ၊ ပိတ်သင်းကပ်ရွာအပါအဝင်အနီးရှိကျေးရွာတွေက ဒေသခံတွေ ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေကြတယ်လို့ သိရပါတယ်။
မကွေးတိုင်းထဲက မြိုုင်မြို့နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး မြေပြင်စစ်ကြောင်း ၊ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ရှိကာ သေဆုံး ဒဏ်ရာရရာသူတွေရှိသလို စစ်ရှောင်နေရသူ ထောင်နဲ့ချီပြီးရှိတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၉ ရက်ကလည်း အောင်လံမြို့နယ် အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ PDF စခန်း လေကြောင်းကနေဗုံးကြဲခံရပြီး တပ်ဖွဲ့ဝင်နှစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ အောက်တိုဘာ ၈ ရက်ကလည်း မင်းတုန်းမြို့နယ်ထဲက ကျေးရွာဘက်မှာလေကြောင်းတိုက်ခိုက်ခံရပြီး နှစ်ယောက်သေဆုံးကာ သုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဓာတ်ပုံ – CJ

Related posts

✕
VOM News

FREE
VIEW