ကောင်းမှုတော်စေတီတော်မှာ ပထမအကြိမ် သံယာအပါး ၁၅၀ အား ဆွမ်းကြီးလောင်းလှူ

စစ်ကိုင်း အောက်တိုဘာ ၃၁ ၊ ၂၀၁၈

စောပြည့်ချမ်းသာ

စစ်ကိုင်းမြို့၊ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မှာ ပင့်သံဃာအပါး ၁၅၀ ဆွမ်းကြီးလောင်လှူ ပွဲကို ယနေ့ နံနက်ပိုင်း အချိန်က အဆိုပါ စေတီတော် ရင်ပြင်တော်ပေါ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

နှစ်စဉ် သီတင်းကျွတ်လပြည်ကျော် (၇)ရက်၊ (၈) ရက်နေ့တွေမှာ ကျင်းပတဲ့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်မှာ ယခုနှစ်မှာတော့ ပထမအကြိမ်ဖြင့် ပင့်သံဃာအပါး ၁၅၀ ကို ပင့်ဖိတ်ပြီး  ဆွမ်းကြီးလောင်လှူ ပွဲ ကို ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ပထမအကြိမ် ကျင်းပပြုလုပ်တဲ့ ဆွမ်းကြီးလောင်းလှူပွဲကို ဂေါစဂါန်ကျေးရွာ၊ရပ်ကွက်များက ကျောင်းတိုက်များမှ ဆရာတော်၊သံဃာတော်များကို ပင့်ဖိတ်ပြီး ဆွမ်းကြီးလောင်းလှူတာ ဖြစ်ပါတယ်။

သီတင်းကျွတ်လပြည်ကျော် (၈)ရက်နေ့မှာတော့ အဆိုပါ ဂေါစဂါန်ရပ်ကွက်၊ကျေးရွာများက ၎င်း တို့ ရပ်ကွက်ကျေးရွာအတွင်းမှာ မုန့်ဖက်ထုပ်များလည်း လောင်းလှူပူဇော်ကြကြောင်း သိရပါတယ်။

#voiceofmyanmar #ကောင်းမှုတော်ဆွမ်းကြီးလောင်းပွဲ #စစ်ကိုင်

 

း

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Related posts

✕
VOM News

FREE
VIEW