နှလုံးသားရေးကိစ္စကြောင့် အမျိုးသားတစ်ဦး ဧရာဝတီမြစ်ထဲ ခုန်ချ

စစ်ကိုင်း၊ သြဂုတ် ၃ – ၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

 

စစ်ကိုင်းမြို့ ဧရာဝတီတံတား(ရတနာပုံ)ပေါ်ကနေ အမျိုးသားတစ်ဦး မနေ့  သြဂုတ် ၂ ရက် ညနေ ၅ နာရီလောက်က ဧရာဝတီမြစ်အတွင်းခုန်ချမှုဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

 

ခုန်ချခဲ့တဲ့သူဟာ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကုန်းရွာမှာနေတဲ့ ကိုပြည့်ဟိန်းထက် အသက် (၂၃) နှစ်ဆိုသူဖြစ်ပြီး  နှလုံးသားရေးရာကိစ္စကြောင့် ဧရာဝတီမြစ်အတွင်းခုန်ချခဲ့တာဖြစ်ကြောင်း သူ့ရဲ့ Facebook အကောင့်ကနေတစ်ဆင့် သိရတယ်လို့  အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)က ဆိုပါတယ်။

 

” မနက်ဖြန်လည်း ဆက်လက်ရှာဖွေမှုတွေ လုပ်ဆောင်ပါမှာ။ ဒါပေမယ့် မျှော်လင့်ချက်တော့ မရှိသေးဘူးပေါ့။ ပုံမှန်ဆို သုံးရက်မြောက်နေ့ကျမှပဲ ရုပ်အလောင်းပေါ်တာ။ လောလောဆယ် ကျနော်တို့ရှာဖွေမှုကို ခေတ္တရပ်နားလိုက်ပါပြီ။ မြစ်ထဲ မျောပါသွားပြီဆိုတာ သေချာပေါက်ခန့်မှန်းလို့တော့ ရပါပြီ။”လို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) အတွင်းရေးမှူး ကိုစိုးမင်းဦးက ပြောပါတယ်။

 

ခုန်ချသွားတဲ့ ရုပ်အလောင်းကို ပြန်လည်ဆယ်ယူဖို့အတွက်  အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)၊ စစ်ကိုင်းခရိုင်၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ သုခကာရီ RESCUE တို့ ပူးပေါင်းပြီး  ရှာဖွေမှုတွေ ဆောင်ရွက်နေပြီး ဒီနေ့ သြဂုတ် ၃ ရက် အထိတော့ မတွေ့ရှိသေးပါဘူး။

 

ဓါတ်ပုံ- အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)

 

#voiceofmyanmar #စစ်ကိုင်း #ဧရာဝတီမြစ်ထဲခုန်ချ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW