ကလေးငယ်တွေကို sex education သင်ပေးသင့်ကြောင်း ဆွေးနွေးမှုပြုလုပ်

မန္တလေး၊ ဩဂုတ် ၂-၂၀၁၉

ဟိန်းကို(VOM)

 

ကလေးငယ်များ သင်ကြားသင့်တဲ့ လိင်အသိပညာဆိုင်ရာ အခြေခံ အကြောင်းအရာများ ဆွေးနွေးပွဲကို “သားသားမီးမီးတို့ကို SEX EDUCATION သင်ပေးပါ” ခေါင်းစဉ်နဲ့ ဒီနေ့ သြဂုတ် ၃ ရက် နေ့လည်ပိုင်းက မန္တလေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

 

” ယနေ့ခေတ်မှာ ဒီ sexual ကိစ္စတွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ ပိုပြီးတင်လာကြတယ်ပေါ့၊ လူပိုသိလာတယ်။ ဒီ sexual ကိစ္စတွေကို မှေးမှိန်နိုင်အောင် မိဘတိုင်း၊ ဆရာတိုင်းက ဒီ Sex Education ပညာရပ်ကိုသင်ပေးရမယ်ဆိုတဲ့ ဗဟုသုတတွေ မိဘတိုင်းရဲ့ရင်ထဲရောက်အောင်လို့ ရည်ရွယ်ပြီး ခုလိုပွဲမျိုးလုပ်ဖြစ်တာပါ။”လို့ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ ဒေါက်တာ ခိုင်စံပယ်မင်းက ပြောပါတယ်။

 

SEX EDUCATION ပညာရပ်ကို တခြားသောနိုင်ငံတွေမှာ သင်ကြားနေပြီး မြန်မာနိုင်ငံမှာ သင်ကြားပေးဖို့ ပိုပြီးလိုအပ်နေကြောင်းနဲ့ ဆရာ/ဆရာမတွေကို သင်ကြားတာထက် ကလေးတွေရဲ့ မိဘတွေကသင်ကြားပေးတာဟာ အကောင်းဆုံးဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးသွားခဲ့ပါတယ်။

 

” မိဘကစပြီး သင်ပေးဖို့အရေးကြီးတာပါ။ ကိုယ့်ကလေး ဘယ်လိုသွားမလဲဆိုတာ မိဘကအသိဆုံးလေ။ တချို့မိဘတွေက ဒါကို မသင်ရဲကြဘူး။ ဒီခေတ်မှာ sex education က တအားလိုအပ်တယ်။” လို့ ပါဝင်ဆွေးနွေးသူ မလဲ့လဲ့ဝင်းက ပြောပါတယ်။

 

ဆွေးနွေးပွဲမှာ မန္တလေးမြို့ စိတ်ကျန်းမာရေးအထူးကုဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာအေးသူအောင် ၊ မန္တလေးဆေးတက္ကသိုလ် ကလေးကျန်းမာပညာဌာန ကထိက ဒေါက်တာ ခိုင်ဝါဝါထွန်း ၊ ဒေါက်တာဖြိုးသီဟ ဒေါက်တာ ခိုင်စံပယ်မင်း၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မယ်လိုဒီနဲ့ Myanmar Parenting အဖွဲ့ မလဲ့လဲ့ဝင်းတို့နဲ့ တက်ရောက်လာသူတွေ ဆွေးနွေးခဲ့ကြပါတယ်။

 

#voiceofmyanmar #sex education #မန္တလေး

 

 

 

 

Related posts

✕
VOM News

FREE
VIEW