ရေး- သြဂုတ် ၁၁-၂၀၁၉
မိုးယံ
မွန်ပြည်နယ် ရေးမြို့မှာ ၂ပေလောက်ရေပြန်ကျပေမယ့် ဟံဂံ ကလော့ မာန်အောင်ကျေးရွာတွေမှာ လူပေါင်းထောင်ချီပိတ်မိနေတယ်လို့ မွန်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းကွန်ယက်ကပြောပါတယ်။
`လောလောဆယ် ရေးမြို့အခြေအနေကတော့ ရေ ၂ပေလောက်ပြန်ကျတယ် လက်ရှိရာသီဥတုက မိုးမရွာတော့ ရေပြန်ကျနိုင်တယ် ဟံဂန် ကလော့ မာန်အောင်ရွာတွေကတော့
အဆက်အသွယ် ပြတ်ပြီးပိတ်မိနေတယ်၊ ဟံဂံကျေးရွာမှာ အိမ်ခြေ ၁၅၀၀ဝန်းကျင်ရှိတယ် ရေုးမြို့ကနေ ရေလမ်းက လှေနဲ့သွားဖို့လည်း အဆင်မပြေဘူး တောင်ကျချောင်းရေကရေအရမ်းကြမ်းတော့ သွားဖို့အဆင်မပြေဘူးကားလမ်းမှာလည်း ၂နေရာလောက်ရေကျော်နေတယ်၊ သွားဖို့အဆင်မပြေဘူးလို့´မွန်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းကွန်ယက်ရဲ့ ညှိနှိုင်းရေးမှူး ကိုမင်းအောင်ဖြိုးက ပြောပါတယ်။
ပိတ်မိနေတဲ့လူတွေက နှစ်ထပ်အိမ်တွေပေါ်မှာ တချို့နီးစပ်ရာ ဘုန်းကြီး ကျောင်းမှာနေကြရတယ် ကျနော်တို့လတ်တလောဆက်သွယ်မရဘူးဖြစ်နေတယ်လို့လည်းပြောဆိုပါတယ်။
`ကျနော်လည်း အသေးစိတ်တော့မသိသေးဘူး ဟံဂံ မာန်အောင် ကလော့ ကျေးရွာတွေကပိတ်မိနေတဲ့သဘောဖြစ်နေတယ်သွားရေးလာရေးခက်ခဲနေတော့ ရေစီးကလည်းသန်တယ် အဲ့ဒီနေရာ တွေမှာ တော်တော် အကြပ်အတည်းတွေဖြစ်နေတယ် မြို့ပေါ်ကတော့ ကုန်းမြင့်တော့ ကယ်ဆယ်ရေးစခန်းတွေမှာရွှေ့နေကြတာပေါ့ ကျနော်တိုကတော့အခုဟံဂံကို ခက်ခက်ခဲခဲ သွားနေတယ် စားနပ်ရိက္ခာတွေလှူဖို့ပါလို့´မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဌ ဒေါက်တာ အောင်နိုင်ဦးကပြောပါတယ်။
မွန်ပြည်နယ်မှာ သြဂုတ် ၉ ရက်နေ့ကစပြီး မိုးများနေတာကြောင့် တောင်ပြိုမှုတွေဖြစ်ပြီး အသွားအလာပြတ်တောက်နေပါတယ်၊ မွန်ပြည်နယ် ပေါင်မြိ့နယ် သဲဖြုကုန်းကျေးရွာ သံဖြူရပ်ကွက် မြေပြိုမှုဖြစ်ပွားလို့ မြေပိသေဆုံးတဲ့ အလောင်း ၅၀ ရရှိထားသလို ထိခိုက်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်နေရပါတယ်။
#voiceofmyanmar #မွန်ပြည်နယ် #ရေး #ရေကြီး
ပုံ အမွှာညီနောင်