ရိုက်တာ သတင်းထောက် ၂ဦးကို ထောင် ၇နှစ်ချမှတ်

နိုင်ငံတော်လျှို့ဝှက်ချက်အက် ဥပဒေနဲ့တရားစွဲဆို ဖမ်းဆီးခံထားတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးကို ရန်ကုန် မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးက ဒီကနေ့မှာ ထောင်ဒဏ် ၇နှစ်ချမှတ်လိုက်ပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးဟာ ကိုလိုနီခေတ်ကတည်းကရှိခဲ့တဲ့ နိုင်ငံတော်လျို့ဝှက်အက်ဥပဒေချိုးဖောက်မှုနဲ့ စီရင်ချက်ချခံရတာ ဖြစ်ပါတယ်။

ဒီစီရင်ချက်ဟာ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးဟာ စိတ်ပျက်စရာဖြစ်နေတာကို ဖေါ်ပြလိုက်တာဖြစ်တဲ့အကြောင်းနဲ့ ထောင်ချခံသတင်းထောက်တွေအတွက် နောက်ထပ်လုပ်နိုင်တာတွေကို လုပ်သွားပေးမယ်လို့ သူတို့ရှေ့နေ ဦးသန်းဇော်အောင်က သတင်းမီဒီယာတွေကို ပြောပါတယ်။

ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ဟာ ဒီဇင်ဘာလက သူတို့အဖမ်းမခံရခင် စားသောက်ဆိုင်တစ်ခုမှာ ရဲအရာရှိနှစ်ဦးက သူတို့ကို စာရွက်စာတမ်းတွေပေးခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

ဒီစားသောက်မှာတွေဆုံမှုက သတင်းထောက်တွေကို ထောင်ချောက်ဆင်ဖမ်းဖို့ ဖြစ်တယ်လို့ ရဲအရာရှိတစ်ဦးကလည်း ထွက်ဆိုထားပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ လွန်ခဲ့တဲ့ တစ်နှစ်နီးပါးက ရခိုင်ပြည်နယ်အတွင်းမှာ ထောင်ပေါင်းများစွာသော လူတွေ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ARSA လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုအပြီးမှာ ဒါဇင်နဲ့ချီတဲ့ ဟိန္ဒူဘာသာဝင်တွေ အသတ်ခံခဲ့ရတဲ့ ဖြစ်စဉ်သတင်းကို နိုင်ငံတကာက စာဖတ်သူတွေ သိရှိအောင် ပထမဦးဆုံး သတင်းရေးသားတင်ပြခဲ့တဲ့ကြတာဖြစ်ပါတယ်။

ခုလို သတင်းသမားတွေကို ထောင် ၇ နှစ်ချလိုက်တဲ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သတင်းသမားများ၊ CSO များ၊ ပြည်သူများ အားလုံး လက်မှတ်ထိုးပြီး နိုင်ငံတော် သမ္မတဆီ စာတင်ဖို့ လှုပ်ရှားမှုတွေကို ရန်ကုန်သတင်းသမားအသိုင်းအဝိုင်းက စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW