ဖားကန့်မှာ ကျောက်မိုင်းခွဲရာက ကုမ္မဏီ ဝန်ထမ်းတဦးသေဆုံး

 ဖားကန့် အောက်တိုဘာ -၂၅ – ၂၀၁၈ ဇော်မိုးထက်   ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ငိုးပင်းမှော်မှာ နိုင်ငံတော်နဲ့အကျိုးတူလုပ်နေတဲ့ ရတနာလင်း ကုမ္မဏီရဲ့ လုပ်ကွက် အမှတ် ( ငိုးပင်း-၁၀) မှာ အားပြင်းကျောက်မိုင်းခွဲတုန်း ဝန်ထမ်းတဦး မောက်တုံး ပိမိကာ သေဆုံးသွားခဲ့ပါတယ်။ ဒီလုပ်ကွက်ကိုတော့ လက်ရှိမှာ နေမင်းကမ္ဘာကုမ္ပဏီက လုပ်ကိုင်နေတာလို့သိရပါတယ်။ သေဆုံးသူဟာ နေမင်းကမ္ဘာကုမ္ပဏီရဲ့ လုပ်ကွက်ကြီးကြပ်ဖြစ်သူ ဦးသိန်းဌေး(ခ) ဦးသိန်းဟန်အသက် (၃၉) နှစ် မြစ်သားမြို့ဇာတိဖြစ်တယ်လို့ ကုမ္ပဏီဝန်ထမ်းတဦးက ခုလိုပြောပါတယ်။ “ဖြစ်စဉ်အမှန်က လုပ်ကွက်တိုင်းနေတာပါ။ ကမ်းပါးမှာဆေးမှုတ်ဖို့အလုပ်မှာအပေါ်ကနေမိုင်းခွဲချလိုက်တာပါ ။ ခရာလည်းမတုပ် စက်နဲ့လည်းမပေါက်ဘဲဒီတိုင်းခွဲချလိုက်တာပါ ။ တိုင်းတာရေးကနှစ်ယောက်က အပြေးမြန်လို့လွှတ်သွားတာပါ ။ သူကလုပ်ကွက်စောင့်တဲ့ကြီးကြပ်ပါ မိုင်းခွဲတယ်ဆိုတာအားလုံးကိုအကြောင်းကြားပြီးမှခွဲကြရတာပါ အခုတော့ပေါ့ဆမှုကြောင့်လူ့အသက်တချောင်းမသေသင့်ပဲသေသွားပြီ ” လို့ အမည်မဖော်လိုတဲ့ မျက်မြင်တွေ့ရှိသူ ကုမ္မဏီဝန်ထမ်းတဦးက ပြောပါတယ် ။ ဦးသိန်းဟန်ဟာ အခင်းဖြစ်နေရာမှာ သေဆုံးတာမဟုတ်ပဲ…

Read More

မုံရွာမြို့ ဆုတောင်းပြည့်မြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော်မှာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော် လုံခြုံရေးချထားမည်

မုံရွာ၊ အောက်တိုဘာ ၂၅၊ ၂၀၁၈ ဗျဂ္ဃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ နာမည်ကြီးပွဲတော် တခုဖြစ်တဲ့ ဆုတောင်းပြည့်မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် ၅ ရက်နေ့ကနေ လကွယ်နေ့ထိ ၁၀ ရက်ကြာ ပြုလုပ်သွားမှာပါ။ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာရောက်သူတွေ၊ ဈေးဝယ်သူတွေ စိတ်အေးချမ်းသာစေဖို့အတွက် ဘုရားကြီးပွဲဈေးအပြင်ဖက်ကနေ ခိုးဆိုးလုနှိုက်၊ မူးယစ်ရမ်းကားတွေကို စိစစ်ကြပ်မတ်သွားမယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှုးက  ပြောပါတယ်။ “ရဲတပ်ဖွဲ့ဝင်အင်အား စုစုပေါင်း ၁၂၀ နဲ့ လုပ်ဆောင်သွားမယ်။ ရဲတပ်ဖွဲ့အပြင် မီးသတ်တပ်ဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့လည်း အတွင်းစည်း၊ အပြင်စည်း၊ အဝေးစည်းဆိုပြီး နေရာ ၁၃ နေရာခွဲကာ လုပ်သွားပါမယ်။ ပွဲခင်းအတွင်း ခိုးဆိုးလုနှိုက်တွေ မဖြစ်စေဖို့အတွက်လည်း အရပ်ဝတ်ရဲတွေနဲ့ စောင့်ကြည့်သွားမှာဖြစ်ပါတယ်”လို့ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုး ကျော်လှိုင်က ပြောပါတယ်။ ဆုတောင်းပြည့် မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်အပါအဝင် အညာဒေသ ဘုရားပွဲတော်တွေက…

Read More

မီးပုံပျံ ပျက်ကျ၍ အိမ် ၈ လုံး မီးလောင်

မန္တလေး၊ အောက်တိုဘာ ၂၄၊ ၂၀၁၈ ဟိန်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရတနာလမ်း နဲ့ မင်္ဂလာလမ်းကြား ၊၅၃လမ်း နဲ့ ၅၄လမ်းကြားရှိ ဒေါ်နီနီအောင် ပိုင်ဆိုင်တဲ့ နေအိမ်အပေါ်ကို မီးပုံးပျံပျက်ကျရာကနေ မီးလောင်တဲ့ဖြစ်စဉ် ယနေ့ အောက်တိုဘာ(၂၄)ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကို Level 3 အဆင့် သတ်မှတ်ခဲ့ရပြီး၊ အိမ်ခြေ(၈)လုံး မီးလောင်ပျက်စီးမှု တန်ဖိုးငွေ(၈၂)သိန်းခန့် ရှိခဲ့ပါတယ်။ အခုလို မီးလောင်မှုနဲ့ ပတ်သက်ပြီး ဖြစ်စဉ်ကို စိစစ်ဆဲဖြစ်တယ်လို့ ရဲကဆိုပါတယ်။

Read More
VOM News

FREE
VIEW