ပထမဆုံးအကြိမ် လီဆူလူငယ်ညီလာခံမှာ လူငယ်နဲ့ မူးယစ်ဆေးကိစ္စဆွေးနွေး

မိုးကုတ် နိုဝင်ဘာ ၂  ၊ ၂၀၁၈

ဟိန်းကို(VOM)

မန္တ​လေးတိုင်း​ မိုးကုတ်​မြို့မှာရှိတဲ့ လီဆူတိုင်းရင်းသားလူငယ်​​တွေမှာ မူးယစ်​​ဆေးဝါး သုံးစွဲမှု​တွေများ​နေတာရယ်​၊ အလုပ်​ကိုင်​အခွင့်​အလမ်း နဲ့ စီးပွား​ရေး လုပ်​ကိုင်​မှု​တွေ ​နောက်​ကျ​နေတာရယ်​၊ အစိုးရ၀န်​ထမ်း လုပ်​ကိုင်​လာသူ နည်းပါးလာမှု​တွေ​ကို ယ​နေ့ ​နိုဝင်​ဘာ(၂)ရက်​​နေ့ မိုးကုတ်​မြို့မှာ ပြုလုပ်​တဲ့ ပထမအကြိမ်​ လီဆူလူငယ်​ညီလာခံ မှာ ​ထည့်​သွင်း​ဆွေး​နွေးခဲ့တယ်​လို့ မြန်​မာနိုင်​ငံလုံးဆိုင်​ရာ လူငယ်​ညီလာခံဖြစ်​​မြောက်​​ရေး ​ကော်​မတီဝင်​ ဦးချွမ်​ရဲ​အောင်​ က ​​ပြောပါတယ်​။

အဲဒီ ညီလာခံက ထွက်​ရှိမယ့် ရလာဒ်တွေကို ဒီဇင်​ဘာလအတွင်း ကချင်​ပြည်​နယ်​ မြစ်​ကြီးနားမြို့မှာ ကျင်းပပြုလုပ်မယ့်​ နိုင်​ငံလုံးဆိုင်​ရာ တိုင်းရင်းသားညီလာခံကို တင်​ပြသွားမှာဖြစ်​တယ်​လို့ သိရပါတယ်​။

Related posts

Leave a Comment

VOM News

FREE
VIEW