တရားမဝင်သစ်သယ်ဆောင်လာတဲ့ယာဉ်က ဆိုင်ကယ်ကိုဝင်တိုက်ပြီး ယာဉ်မောင်းထွက်ပြေး

စစ်ကိုင်း  ဒီဇင်ဘာ ၂ -၂၀၁၈

စောပြည့်ချမ်းသာ(VOM)

တရားမဝင်သစ်တွေ သယ်လာတဲ့ယာဉ်က  စစ်ကိုင်းမြို့၊မြို့သစ်ရပ်ကွက် ငြိမ်းသီရီဟိုတယ်နားအရောက် ဆိုင်ကယ်စီးနင်းလာသူ နဲ့ လမ်းဘေးဓါတ်တိုင်ကို  ဝင်ရောက်တိုက်မှု ဒီနေ့မနက် ၂ နာရီ အချိန်က ဖြစ်ခဲ့ပြီး ယာဉ်မောင်းမှာ ထွက်းပြေးတိမ်းရှောင်နေကြောင်း စစ်ကိုင်းမြို့မ ရဲစခန်းက သိရပါတယ်။

ရဲတပ်ဖွဲ့က သွားစစ်ဆေးတော့ စစ်ကိုင်းမြို့၊မြို့သစ်ရပ်ကွက်၊ရွှေစင်နန်းစားသောက်ဆိုင်အနီး ကားကြီးကွင်းလမ်း  မြောက်မှ တောင်သို့ မန္တလေးမြို့၊ကျွဲဆည်ကန်နေသူ ဝင်းသိန်း (ခ)သိန်းဝင်း  မောင်းနှင်းပြီး ဘေးတွင်  မုံရွာမြို့၊မြို့သစ်ရပ်ကွက်နေ ဇော်မင်းထွန်း လိုက်ပါလာသည့် ယာဉ်အမှတ် YGN /××××× MARK X ခဲရောင်မော်တော်ယာဉ်သည်  လားရာတူး မြောက်မှ တောင်သို့ စစ်ကိုင်းမြို့ စိန်ကုန်းရပ်ကွက် ကားကြီးကွင်းနေ ချစ်မင်း မောင်းနှင်းလာသော ၂၉ယ/ FOLLOW ME -110 အနက်ရောင် ဆိုင်ကယ်နှင့် လမ်းဘေးရှိ ဓါတ်တိုင်ကို ဝင်တိုက်ခဲ့တ်ာလို့ သိရပါတယ်။

အဲဒီယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ ချစ်မင်းဟာ ယာဘက်ပေါင်ကျိုးဒဏ်ရာ (မစိုးရိမ်ရ) အတွင်းလူနာ အဖြစ် မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပါတယ်။ယာဉ်မောင်းဝင်းသိန်း (ခ)သိန်းဝင်း မှာ အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားပြီး ၎င်း မောင်းနှင်းသည့် မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် ဇော်မင်းထွန်း နှင့်အတူ တရားမဝင် ပိတောက်ခွဲသားတုံး(၂၀)တုံး၊ ခန့်မှန်းတန်ချိန် (၀ ဒသမ ၅၅၀၂)တန်၊ခန်းမှန်းတန်းဖိုးငွေ (၁၁၅၅၄၂၀)ကျပ်ခန့်နှင့်အတူ  တရားမဝင် အထောက်အထားမဲ့ တင်ဆောင်လာသည်ကို တွေ့ရှိရသည့် အတွက် သက်သေများရှေ့တွင် ရှာဖွေပုံ သိမ်းဆည်းပြီး မြို့နယ်သစ်တောဦးစီးဌာနသို့အပ်နှံ့ခဲ့ပြီး   (ပ)  ၁၀၀၄/၂၀၁၈ သစ်တောဥပဒေပုဒ်မ ၄၂ က အရ အရေးယူထားကြောင်းသိရပါတယ်။

#voiceofmyanmar #စစ်ကိုင်း #တရားမဝင်သစ်သယ်ဆောင်လာတဲ့ယာဉ်ကဆိုင်ကယ်ကိုဝင်တိုက်ပြီး ယာဉ်မောင်းထွက်ပြေး

Related posts

Leave a Comment

VOM News

FREE
VIEW