လာမယ့်နှစ်ဆန်းပိုင်းမှာ ကင်ဂျုံအန်နဲ့ ဒေါ်နယ်ထရန့် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲလုပ်မည်

ဗျူနိုအေရီ၊ ဒီဇင်ဘာ-၂၊ ၂၀၁၈ မျိုးဆက် (VOM)   မြောက်ကိုရီးယားရဲ့ နျူကလီးယားစွန့်လွှတ်ရေးနဲ့ ပတ်သက်ပြီးဆွေးနွေးဖို့ ကင်ဂျုံအန်နဲ့ ထိပ်သီးဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဇန်န၀ါရီသို့မဟုတ် ဖေဖော်ဝါရီလမှာ ပြုလုပ်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုလိုက်ပါတယ်။   ဒီိလိုတွေ့ဆုံဖို့အတွက် ထိပ်သီးဆွေးနွေးပွဲကျင်းပမယ့် နေရာ သုံးနေရာကိုလည်း စဉ်းစားထားတယ်လို့ အာဂျင်တီးနားနိုင်ငံမှာ ကျင်းပနေတဲ့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကနေ အမေရိကန်ကို မပြန်မီ ဒေါ်နယ်ထရန့်က သတင်းထောက်တွေကို ပြောဆိုပါတယ်။   ဒါ့အပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ၎င်းတို့အကြား ဆက်ဆံရေးဟာ လွန်စွာကောင်းမွန်နေပြီး တစ်ချိန်ချိန်မှာ ကင်ဂျုံအန်ကို အမေရိကန်သို့ လာရောက်ဖို့ ဖိတ်ခေါ်သွားမယ်လို့လည်း ၎င်းက ပြောပါတယ်။   ဇွန်လအတွင်းက စင်ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့ တဲ့ ၎င်းတို့နှစ်ဦးအကြား ထိပ်သီးဆွေးနွေးပွဲပြီးနောက် ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲအတွက် နှစ်နိုင်ငံတာဝန်ရှိသူတွေအကြား  အကြိမ်ကြိမ်တွေ့ ဆုံညှိနှိုင်းမှုတွေလုပ်ခဲ့ပြီးနောက်…

Read More

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ပြေလည်နိုင်ဖွယ်ရှိနေ

ဗျူနိုအေရီ၊ ဒီဇင်ဘာ-၂၊ ၂၀၁၈ မျိုးဆက် (VOM)     အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဖို့အတွက် ရက် ၉၀ အတွင်း အခွန်ကောက်ခံမှုအသစ်တွေ ရပ်ဆိုင်းမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ သဘောတူလိုက်ကြပါတယ်။   ဇန်န၀ါရီ ၁ ရက်စပြီး တရုတ်ကုန်ပစ္စည်း ဒေါ်လာ ၂၀၀ ဘီလီယံဖိုးအပေါ် ၁၀ ရာခိုင်နှုန်းက နေ  ၂၅ ရာခိုင်နှုန်းအထိ အခွန်တိုးမြင့်ကောက်ခံခြင်းမပြုဖို့ အာဂျင်တီးနားနိုင်ငံမှာကျင်းပတဲ့ ဆွေးနွေးပွဲမှာ ဒေါ်နယ်ထရန့်က သဘောတူလိုက်တာဖြစ်ပါတယ်။   တရုတ်နိုင်ငံကလည်း အမေရိကန်နိုင်ငံက စိုက်ပျိုးရေး၊ စက်မှုနဲ့ စွမ်းအင်ကဏ္ဍ ထုတ်ကုန်ပမာဏ အတော်များများကို ဝယ်ယူသွားမှာဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။   တရုတ်နဲ့ အမေရိကန်တို့ဟာ ဇန်နဝါရီတရက်နောက်ပိုင်း ကစပြီး ရက် ၉၀…

Read More

(၂၀၁၈ – ၂၀၁၉) ဘဏ္ဍာနှစ် ကျွန်းသစ် နှင့် သစ်မာများ ကသာခရိုင်တွင် စတင်ထုတ်ယူ

ဒီဇင်ဘာ ၂၊ ၂၀၁၈ နိုင်ကြီး (ကသာ) (VOM) ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ် အတွက် စစ်ကိုင်းတိုင်း ၊ ကသာခရိုင်အတွင်း က ကျွန်းသစ် နဲ့  သစ်မာတွေကို နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ အတွင်းမှာ စ ထုတ်ယူနေပြီလို့ ကသာ သစ်ထုတ်လုပ်ရေး က ပြောပါတယ်။   ကသာခရိုင်အတွင်း က သစ်တောကြိုးဝိုင်း/ကြိုးပြင် ၊ ကျွန်းစိုက်ခင်းများမှာရှိတဲ့ မှတ်ရိုက်ထားတဲ့ ပင်ထောင်တွေကို သက်ဆိုင်ရာ သစ်တောဦးစီးဌာနမျာနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး ခုတ်ယူထုတ်လုပ်ဖို့ သင့်တော်နေပြီ ဖြစ်တဲ့  ကျွန်းသစ် နဲ့ သစ်မာတွေကို မြန်မာ့သစ်လုပ်ငန်း က ထုတ်ယူမှာ ဖြစ်ပါတယ် ။   ကသာခရိုင် ကောလင်း ၊ ပင်လည်ဘူး ၊ ဝန်းသို ၊ အင်းတော် ၊…

Read More

တရားမဝင်သစ်သယ်ဆောင်လာတဲ့ယာဉ်က ဆိုင်ကယ်ကိုဝင်တိုက်ပြီး ယာဉ်မောင်းထွက်ပြေး

စစ်ကိုင်း  ဒီဇင်ဘာ ၂ -၂၀၁၈ စောပြည့်ချမ်းသာ(VOM) တရားမဝင်သစ်တွေ သယ်လာတဲ့ယာဉ်က  စစ်ကိုင်းမြို့၊မြို့သစ်ရပ်ကွက် ငြိမ်းသီရီဟိုတယ်နားအရောက် ဆိုင်ကယ်စီးနင်းလာသူ နဲ့ လမ်းဘေးဓါတ်တိုင်ကို  ဝင်ရောက်တိုက်မှု ဒီနေ့မနက် ၂ နာရီ အချိန်က ဖြစ်ခဲ့ပြီး ယာဉ်မောင်းမှာ ထွက်းပြေးတိမ်းရှောင်နေကြောင်း စစ်ကိုင်းမြို့မ ရဲစခန်းက သိရပါတယ်။ ရဲတပ်ဖွဲ့က သွားစစ်ဆေးတော့ စစ်ကိုင်းမြို့၊မြို့သစ်ရပ်ကွက်၊ရွှေစင်နန်းစားသောက်ဆိုင်အနီး ကားကြီးကွင်းလမ်း  မြောက်မှ တောင်သို့ မန္တလေးမြို့၊ကျွဲဆည်ကန်နေသူ ဝင်းသိန်း (ခ)သိန်းဝင်း  မောင်းနှင်းပြီး ဘေးတွင်  မုံရွာမြို့၊မြို့သစ်ရပ်ကွက်နေ ဇော်မင်းထွန်း လိုက်ပါလာသည့် ယာဉ်အမှတ် YGN /××××× MARK X ခဲရောင်မော်တော်ယာဉ်သည်  လားရာတူး မြောက်မှ တောင်သို့ စစ်ကိုင်းမြို့ စိန်ကုန်းရပ်ကွက် ကားကြီးကွင်းနေ ချစ်မင်း မောင်းနှင်းလာသော ၂၉ယ/ FOLLOW ME -110 အနက်ရောင် ဆိုင်ကယ်နှင့် လမ်းဘေးရှိ ဓါတ်တိုင်ကို ဝင်တိုက်ခဲ့တ်ာလို့…

Read More

ထူးချွန်​ ​ကျောင်းသားတွေအတွက်​ ​ဆေးတက္ကသိုလ်​တွေရဲ့ ထပ်​ဖြည့်​ဝင်​ခွင့်​စာရင်း ထုတ်​ပြန်​​ပေး​စေလို

မန္တလေး ဒီဇင်ဘာ ၂-၂၀၁၈ ဟိန်းကို(V0M) ၂၀၁၇-၂၀၁၈ တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲ မှာ ဘာသာစုံဂုဏ်​ထူး​နဲ့ ​အောင်​ခဲ့ပေမယ့် ​ပြောင်းလဲလိုက်​တဲ့ ပညာ​ရေးစနစ်​အသစ်​​ကြောင့်​  ​ဆေးတက္ကသိုလ်​ဝင်​ခွင့်​ မရခဲ့တဲ့ ​ကျောင်းသားတွေရှိ​နေတာကို မန္တ​လေးကွန်​မြူ နတီစင်​တာမှာ ကျောင်းသားတွေနဲ့မိဘဆရာတွေက သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ခုလို တက္ကသိုလ်​ဝင်​ခွင့်​ ​လျှောက်​ထားမှုမှာ တစ်​ဦးတစ်​​ယောက်​တည်း ဖြစ်​​နေတဲ့ ကိစ္စမဟုတ်​ပဲ ​ကျောင်းသား\သူ (၂၀၀)​ကျော်​က ယခုလိုအ​ခြေအ​နေကို ကြုံ​တွေ​နေရတာ ဖြစ်​တယ်​လို့ သိရပါတယ်​။ #VOICEOFMYANMAR #တက္ကသိုလ်ဝင်ခွင့်စနစ်သစ်#ဆေးတက္ကသိုလ်တွေရဲ့ထပ်ဖြည့်ဝင်ခွင့်စာရင်း ထုတ်ပြန်ပေးစေလို  

Read More

ဘင်္ဂါလီများအား ပြည်ပသို့ပို့ဆောင်ပေးသူများကိုဖမ်းဆီး

စစ်တွေ၊ ဒီဇင်ဘာ၁-၂၀၁၈ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်းက ပြည်ပနိုင်ငံတွေဆီ လူတွေကို အစုလိုက်အပြုံလိုက် တရားမ၀င်ပို့ဆောင်ပေးနေတဲ့ လူပွဲစား ၅ ဦးကို စစ်တွေမြို့မှာ ဖမ်ဆီးလိုက်တာဖြစ်ပါတယ်။ အဲဒီလူပွဲစား ၅ ဦးတို့ဟာ  နိုဝင်ဘာလ ၃၀ ရက်နေ့က တနင်္သာရီတိုင်းကနေ ရခိုင်ပြည်နယ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တဲ့ ဘင်္ဂါလီ ၉၃ ဦးတို့ကို မလေးရှားနိုင်ငံကို ပင်လယ်လမ်းကြောင်းကနေ တရားမ၀င်ပို့ဆောင်ပေးခဲ့သူတွေဖြစ်ပြီး မနေ့ကစစ်တွေမြို့နယ် သဲချောင်းကမ်းခြေကိုရောက်တဲ့အချန်မှာ ၄ ဦးကိုဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ “မနေ့က သူတို့ကိုလွဲပြောင်းပေးတဲ့အချိန်မှာ စက်လှေမှာပါလာတဲ့ ၄ ယောက်ကိုဖမ်းဆီးလိုက်တယ်။ အဲဒီမှာ စက်လှေပိုင်ရှင်နဲ့ စက်လှေမောင်းသူတွေပါတယ်။ နောက်တစ်ယောက်ကတော့ ၂၇ ရက်နေ့ကနေ စစ်တွေမြို့မှာ ဖမ်းဆီးလိုက်တာပါ။”ဟု ရဲတပ်ဖွဲ့ကပြောသည်။ ဖမ်းဆီးခံထားရတဲ့ တရားမ၀င်လူကုန်ကူးသူတွေကတော့ စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာနဲ့ သဲချောင်းကျေးရွာမှာနေထိုင်တဲ့ ဘင်္ဂါလီတွေဖြစ်ပြီး ဆော်လိမ်၊ ဟာမိတ်အူဆောင်း၊ ရာဘီအူလာ၊အဒူရာမန်၊ ဟိုဘီရာမောတို့ဖြစ်ကြပါတယ်။ “သူတို့က အဲဒီလူတွေကို ဘယ်နိုင်ငံပဲဖြစ်ဖြစ် တစ်နိုင်ငံကိုရောက်အောင်ပို့ပေးရမယ်။…

Read More

မြန်မာယန်စီကုမ္ပဏီကို သတ္တုရှာဖွေဖို့သာ ခွင့်ပြုထားတယ်လို့ တိုင်းအစိုးရတာဝန်ရှိသူပြော

မုံရွာ ၊ ဒီဇင်ဘာ ၁-၂၀၁၈ ဗျဂ္ဃ (VOM) တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီဖြစ်တဲ့ ယန်စီကုမ္ပဏီက စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာ နောက်ထပ် သတ္တုတူးဖော်နိုင်ဖို့  ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးအတွက် ဧက ၁သိန်းကျော်ကို တိုးချဲ့လျှောက်ထားတာဖြစ်ပါတယ်။ လျှောက်ထားတဲ့ဧရိယာအတွင်းမှာ ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်တို့ပါဝင်ပြီး ၁၁၃၉၇၃.၁ဧက ရှိတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး သတ္တုရှာဖွေစမ်းသပ်ခွင့်ကို ပတ်ဝန်းကျင်မထိခိုက်နိုင်တာကြောင့် အစိုးရအနေနဲ့ ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။ “စူးစမ်းလေ့လာမှုသက်သက်ကတော့ ပတ်ဝန်းကျင်မထိခိုက်နိုင်ဘူးလေ။ သူတို့ပြောတဲ့အတိုင်း စူးစမ်းလေ့လာမှုသက်သက်ပဲ အစိုးရကလည်း ခံယူထားတယ်။ စူးစမ်းလေ့လာခွင့် ပေးလိုက်တယ်လို့လည်း မဟုတ်သေးဘူး။ အဲဒါတော့ ရှင်းရှင်းလေးပေါ့။”လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဦးကမ်ဇာမုံက ပြောပါတယ်။ လျှောက်ထားတဲ့ ဧရိယာက လိုတာထက်ပိုတယ်လို့လည်း သုံးသပ်တာတွေရှိပါတယ်။ ဧရိယာအတွင်းမှာ ကျေးရွာပေါင်း ၃၀ ထက်မနည်းပါဝင်နေပြီး လယ်ယာစိုက်ပျိုးမြေတွေလည်း ဧကပေါင်း များစွာပါဝင်နေပါတယ်။ လျှောက်ထားတဲ့ ဧရိယာအတွင်းမှာ ကနီမြို့နယ်က မီးတောင်ဟောင်းတွေဖြစ်တဲ့…

Read More

ရခိုင်ပြည်နယ်ကို နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှု ယခင်နှစ်ထက်နည်းပါး

စစ်တွေ၊ ဒီဇင်ဘာ ၁-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်ဟာ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေ စိတ်ဝင်စားမှုများပြားတဲ့ဒေသတစ်ခုဖြစ်ပြီး နှစ်စဉ်ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်အများအပြား လာရောက်လည်ပတ်လျှက်ရှိခဲ့ပေမယ့် အခုနှစ်မှာတော့ နိုင်ငံခြားခရီးသွားများ လာရောက်လည်ပတ်မှု နည်းပါးနေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေနဲ့ ငပလီကမ်းခြေကို ခရီးသွားဧည့်သည်တွေ လာရောက်လည်ပါတ်မှုအများဆုံးဖြစ်ပြီး အခုနှစ်မှာတော့ မြောက်ဦးယဉ်ကျေးမှုနယ်မြေအတွင်း နိုင်ငံခြားခရီးသွားများ လာရောက်လည်ပတ်မှု နည်းပါးနေတာဖြစ်ပါတယ်။ “နိုင်ငံခြားခရီးသွားတွေ ၀င်ရောက်မှုကျဆင်းတာက ရခိုင်ပြည်နယ်တစ်ခုတည်းမဟုတ်ပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာ မှာကျဆင်းနေတာပါ။ ရခိုင်ပြည်နယ်ကတော့ ပိုပြီးကျဆင်းသွားတာပေါ့နော်။ အရင်နှစ်ကနဲ့စာရင် အခုနှစ်မှာပိုပြီး လာရောက်သူနည်းပါတယ်။”လို့ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမိုးအောင်ကပြောပါတယ်။ မြောက်ဦးယဉ်ကျေးမှုနယ်မြေကို လာရောက်လည်ပတ်သူနည်းပါးနေတာဟာ ပြီးခဲ့နှစ်တွေကဖြစ်ပွားခဲ့တဲ့ ရခိုင်မြောက်ပိုင်း အကြမ်းဖက်ပြဿနာတွေကြောင့် ခရီးသွားတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေကြတဲ့အတွက် နည်းပါးခဲ့ရတာဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနက သုံးသပ်ပါတယ်။ ဒါ့အပြင် ငပလီကမ်းခြေကိုလာရောက်လည်ပတ်သူတွေကတော့ လက်ရှိမှာ နည်းပါးနေပေမယ့် အထူးစိုးရိမ်စရာမရှိသလို အပမ်းဖြေစန်းတစ်ခုဖြစ်တာကြောင့် သင်္ကြန်ကာလအတွင်း လာရောက်လည်ပတ်မှုပမာဏမှာ ပြန်လည်မြင့်မားလာမှာ ဖြစ်တယ်လို့…

Read More
VOM News

FREE
VIEW