ဘင်္ဂါလီများအား ပြည်ပသို့ပို့ဆောင်ပေးသူများကိုဖမ်းဆီး

စစ်တွေ၊ ဒီဇင်ဘာ၁-၂၀၁၈

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်အတွင်းက ပြည်ပနိုင်ငံတွေဆီ လူတွေကို အစုလိုက်အပြုံလိုက် တရားမ၀င်ပို့ဆောင်ပေးနေတဲ့ လူပွဲစား ၅ ဦးကို စစ်တွေမြို့မှာ ဖမ်ဆီးလိုက်တာဖြစ်ပါတယ်။

အဲဒီလူပွဲစား ၅ ဦးတို့ဟာ  နိုဝင်ဘာလ ၃၀ ရက်နေ့က တနင်္သာရီတိုင်းကနေ ရခိုင်ပြည်နယ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တဲ့ ဘင်္ဂါလီ ၉၃ ဦးတို့ကို မလေးရှားနိုင်ငံကို ပင်လယ်လမ်းကြောင်းကနေ တရားမ၀င်ပို့ဆောင်ပေးခဲ့သူတွေဖြစ်ပြီး မနေ့ကစစ်တွေမြို့နယ် သဲချောင်းကမ်းခြေကိုရောက်တဲ့အချန်မှာ ၄ ဦးကိုဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

“မနေ့က သူတို့ကိုလွဲပြောင်းပေးတဲ့အချိန်မှာ စက်လှေမှာပါလာတဲ့ ၄ ယောက်ကိုဖမ်းဆီးလိုက်တယ်။ အဲဒီမှာ စက်လှေပိုင်ရှင်နဲ့ စက်လှေမောင်းသူတွေပါတယ်။ နောက်တစ်ယောက်ကတော့ ၂၇ ရက်နေ့ကနေ စစ်တွေမြို့မှာ ဖမ်းဆီးလိုက်တာပါ။”ဟု ရဲတပ်ဖွဲ့ကပြောသည်။

ဖမ်းဆီးခံထားရတဲ့ တရားမ၀င်လူကုန်ကူးသူတွေကတော့ စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာနဲ့ သဲချောင်းကျေးရွာမှာနေထိုင်တဲ့ ဘင်္ဂါလီတွေဖြစ်ပြီး ဆော်လိမ်၊ ဟာမိတ်အူဆောင်း၊ ရာဘီအူလာ၊အဒူရာမန်၊ ဟိုဘီရာမောတို့ဖြစ်ကြပါတယ်။

“သူတို့က အဲဒီလူတွေကို ဘယ်နိုင်ငံပဲဖြစ်ဖြစ် တစ်နိုင်ငံကိုရောက်အောင်ပို့ပေးရမယ်။ ပွဲစားခကတော့ မတူဘူးပေါ့။ ကလေးက ၄သိန်း၊ လူကြီး ၇ သိန်းပေးရတယ်လို့ ပြောတယ်။ အခုပြန်ပို့တဲ့ ၉၃ ယောက်ထဲမှာတော့ ကလေး ၃၂ ယောက်၊ အမျိုးသား ၂၈ ယောက်၊ အမျိုးသမီး ၃၃ ယောက်ပေါင်း ၉၃ ယောက်ဖြစ်ပါတယ်။”ဟု ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီတရားမ၀င်လူကုန်ကူးသူ ၅ ဦးကိုတော့ စစ်တွေမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၇ နဲ့ အရေးယူထားပြီး လူကုန်ကူးခံရသူတွေကိုတော့ သူတို့ရဲ့ကျေးရွာတွေဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ ဘင်္ဂါလီ ၁၀၆ ဦးကိုတော့ ပေါက်တောမြို့နယ် အနောက်ရဲဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ဆာဘေ (ဘ) ဦးအီဆလင် ၃၅ နှစ်၊ အဘူဆော်ယော် (ဘ) ဦးနိုရာလောင် ၃၉ နှစ်တို့က ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးကိုလည်း ဖမ်ဆီးအရေးယူထားတာဖြစ်ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW