အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ပြေလည်နိုင်ဖွယ်ရှိနေ

ဗျူနိုအေရီ၊ ဒီဇင်ဘာ-၂၊ ၂၀၁၈

မျိုးဆက် (VOM)

 

 

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဖို့အတွက် ရက် ၉၀ အတွင်း အခွန်ကောက်ခံမှုအသစ်တွေ ရပ်ဆိုင်းမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ သဘောတူလိုက်ကြပါတယ်။

 

ဇန်န၀ါရီ ၁ ရက်စပြီး တရုတ်ကုန်ပစ္စည်း ဒေါ်လာ ၂၀၀ ဘီလီယံဖိုးအပေါ် ၁၀ ရာခိုင်နှုန်းက နေ  ၂၅ ရာခိုင်နှုန်းအထိ အခွန်တိုးမြင့်ကောက်ခံခြင်းမပြုဖို့ အာဂျင်တီးနားနိုင်ငံမှာကျင်းပတဲ့ ဆွေးနွေးပွဲမှာ ဒေါ်နယ်ထရန့်က သဘောတူလိုက်တာဖြစ်ပါတယ်။

 

တရုတ်နိုင်ငံကလည်း အမေရိကန်နိုင်ငံက စိုက်ပျိုးရေး၊ စက်မှုနဲ့ စွမ်းအင်ကဏ္ဍ ထုတ်ကုန်ပမာဏ အတော်များများကို ဝယ်ယူသွားမှာဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

 

တရုတ်နဲ့ အမေရိကန်တို့ဟာ ဇန်နဝါရီတရက်နောက်ပိုင်း ကစပြီး ရက် ၉၀ အတွင်း အခွန်ပြဌာန်းတာတွေ ထပ်မလုပ်ဖို့   သဘောတူညီမှုကို အခြေခံပြီး ဆွေးနွေးမှုတွေ ဆက်လုပ်သွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

 

နှစ်နိုင်ငံအကြား ယခုနှစ်မှာ ဖြစ်ပွားနေတဲ့  ကုန်သွယ်ရေးစစ်ပွဲတစ်ရပ် စတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်သမ္မတနဲ့  တရုတ်သမ္မတရှီကျင်းပင်တို့ တွေ့ဆုံခဲ့တာဖြစ်ပြီး ကုန်သွယ်ရေးတင်းမာမှုတွေနဲ့ ပတ်သက်ပြီး လျှော့ချနိုင်ဖို့ ဒီိလိုသဘောတူခဲ့ကြတာဖြစ်ပါတယ်။

 

Ref : BBC/ Reuter

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW