(၂၀၁၈ – ၂၀၁၉) ဘဏ္ဍာနှစ် ကျွန်းသစ် နှင့် သစ်မာများ ကသာခရိုင်တွင် စတင်ထုတ်ယူ

ဒီဇင်ဘာ ၂၊ ၂၀၁၈

နိုင်ကြီး (ကသာ) (VOM)

၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ် အတွက် စစ်ကိုင်းတိုင်း ၊ ကသာခရိုင်အတွင်း က ကျွန်းသစ် နဲ့  သစ်မာတွေကို နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ အတွင်းမှာ စ ထုတ်ယူနေပြီလို့ ကသာ သစ်ထုတ်လုပ်ရေး က ပြောပါတယ်။

 

ကသာခရိုင်အတွင်း က သစ်တောကြိုးဝိုင်း/ကြိုးပြင် ၊ ကျွန်းစိုက်ခင်းများမှာရှိတဲ့ မှတ်ရိုက်ထားတဲ့ ပင်ထောင်တွေကို သက်ဆိုင်ရာ သစ်တောဦးစီးဌာနမျာနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး ခုတ်ယူထုတ်လုပ်ဖို့ သင့်တော်နေပြီ ဖြစ်တဲ့  ကျွန်းသစ် နဲ့ သစ်မာတွေကို မြန်မာ့သစ်လုပ်ငန်း က ထုတ်ယူမှာ ဖြစ်ပါတယ် ။

 

ကသာခရိုင် ကောလင်း ၊ ပင်လည်ဘူး ၊ ဝန်းသို ၊ အင်းတော် ၊ ဗန်းမောက် မြို့နယ်တွေက အနှစ်(၃၀)အထက် ကျွန်းသစ် ရင်စို့လုံးပတ် ငါးပေ အထက်များ နဲ့ သက်တမ်းရင့် သစ်မာများ ကို ထုတ်ယူမယ်လို့ ဆိုပါတယ်။

 

သာမန်ကျွန်းသစ် တန်(၃၀၀၀) ၊ စိုက်ခင်းကျွန်းသစ် (၄၆၀၀)တန် ၊ သစ်မာ (၃၄၀၀၀)တန် ၊ စုစုပေါင်းသစ် (၄၁၆၀၀)တန် တို့ကို ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ် အတွက် ထုတ်ယူမယ်လို့  မြန်မာ့သစ်လုပ်ငန်း၊ ကသာ သစ်ထုတ်လုပ်ရေးလုပ်ငန်း မှ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW