လာမယ့်နှစ်ဆန်းပိုင်းမှာ ကင်ဂျုံအန်နဲ့ ဒေါ်နယ်ထရန့် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲလုပ်မည်

ဗျူနိုအေရီ၊ ဒီဇင်ဘာ-၂၊ ၂၀၁၈

မျိုးဆက် (VOM)

 

မြောက်ကိုရီးယားရဲ့ နျူကလီးယားစွန့်လွှတ်ရေးနဲ့ ပတ်သက်ပြီးဆွေးနွေးဖို့ ကင်ဂျုံအန်နဲ့ ထိပ်သီးဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဇန်န၀ါရီသို့မဟုတ် ဖေဖော်ဝါရီလမှာ ပြုလုပ်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုလိုက်ပါတယ်။

 

ဒီိလိုတွေ့ဆုံဖို့အတွက် ထိပ်သီးဆွေးနွေးပွဲကျင်းပမယ့် နေရာ သုံးနေရာကိုလည်း စဉ်းစားထားတယ်လို့ အာဂျင်တီးနားနိုင်ငံမှာ ကျင်းပနေတဲ့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကနေ အမေရိကန်ကို မပြန်မီ ဒေါ်နယ်ထရန့်က သတင်းထောက်တွေကို ပြောဆိုပါတယ်။

 

ဒါ့အပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ၎င်းတို့အကြား ဆက်ဆံရေးဟာ လွန်စွာကောင်းမွန်နေပြီး တစ်ချိန်ချိန်မှာ ကင်ဂျုံအန်ကို အမေရိကန်သို့ လာရောက်ဖို့ ဖိတ်ခေါ်သွားမယ်လို့လည်း ၎င်းက ပြောပါတယ်။

 

ဇွန်လအတွင်းက စင်ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့ တဲ့ ၎င်းတို့နှစ်ဦးအကြား ထိပ်သီးဆွေးနွေးပွဲပြီးနောက် ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲအတွက် နှစ်နိုင်ငံတာဝန်ရှိသူတွေအကြား  အကြိမ်ကြိမ်တွေ့ ဆုံညှိနှိုင်းမှုတွေလုပ်ခဲ့ပြီးနောက် လာမယ့်နှစ်ဆန်းပိုင်းမှာ ခေါင်းဆောင်နှစ်ဦးတွေ့ဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

 

အာဂျင်တီးနားနိုင်ငံမှာ ပြုလုပ်တဲ့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲမှာတော့ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့နှစ်ဦးတွေ့ဆုံခဲ့ကြပြီး နျူကလီးယားကင်းစင်တဲ့ ကိုရီးယားကျွန်းဆွယ်ဖြစ်ရေး အတူတကွ လုပ်ဆောင်ဖို့ သဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော်က ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

Ref : The Guardian

Photo : AFP

Related posts

Leave a Comment

VOM News

FREE
VIEW