Rock အပြင်းစားတွေ ပါမယ့် တကိုယ်တော် Solo Album စီစဉ်နေတဲ့ ဖြိုးမြတ်အောင်

ရန်ကုန် ဒီဇင်ဘာ ၂-၂၀၁၈

သင်းသဒ္ဒါ

 

အသံအားပြင်းပြင်းနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တာမို့ Myanmar idol Season 3 မှာ Winner ဆုကို ဆွတ်ခူးထားတဲ့ ဖြိုးမြတ်အောင်က သူ့ရဲ့ ကိုယ်ပိုင်သံစဉ် တစ်ကိုယ်တော် Solo Album ထဲမှာ Rock အပြင်းစားတွေပါမယ် လို့ ဆိုပါတယ်။

 

ဖြိုးမြတ်အောင်ရဲ့ အနုပညာလှုပ်ရှားနဲ့ ပတ်သက်လို့ မေးကြည့်တော့ “ကျွန်တော်အခုတော့ show ပွဲလက်ခံထားတာလေးတွေကို ဒီဇင်ဘာလကုန်ထိဆိုပေးမယ်ပေါ့နော်။ ဒီဇင်ဘာလကုန်တာနဲ့ ပွဲဆိုတာနားပြီးတော့နှစ်သစ်ပေါ့။ ဇန်နဝါရီလကစပြီးတော့ Solo Album အတွက်ပြင်ဆင်ပါတော့မယ်။သီချင်းတွေစုမယ်၊ ကြိုက်မယ်ထင်တဲ့သီချင်းလေးတွေရှာမယ်။ Show ပွဲမဆိုရတဲ့အချိန်ဆိုတော့ ကျွန်တော်လည်း အားနေတော့ ကိုယ်တိုင်လည်း သီချင်းရေးဖြစ်မယ်ထင်ပါတယ်” လို့ဆိုပါတယ်။

 

သူရဲ့ အခွေမှာတော့ ပရိသတ်နဲ့ အကြိုက်ထပ်တူ ကျခဲ့တဲ့ Rock ဂီတအပြင်းစားတွေ ကို ထည့်သွားမှာဖြစ်သလို သီချင်းအပုဒ်ရေကတော့ ၉ပုဒ်လို့ မှန်းထားပေမယ့်လည်း ၁၁ပုဒ်လည်း ဖြစ်ချင်ဖြစ်သွားမယ်လို့ ဆိုပါတယ်။

 

လတ်တလောမှာလည်း ပရဟိတအလှူအနေနဲ့ မသန်စွမ်းကလေးသူငယ်တွေကို တက်နိုင်သမျှလုပ်ဆောင်နေပြီး ကြော်ငြာတွေလည်း အများကြီး ရိုက်ကူးနေပါတယ်။

 

”ကျွန်တော်လည်း တတ်နိုင်တဲ့ဘက်ကလှူခဲ့ပြီး ကလေးတွေ စိတ်ခွန်အားဖြစ်စေမယ့် သီချင်းလေးတွေ ဆိုပြခဲ့ပါတယ်။ ဒီပရိသတ်တွေကြောင့် ဒီလိုနေရာတစ်ခုကို ရောက်လာတာပါ။ ဒါကြောင့်မို့ ကျွန်တော်တတ်နိုင်သလောက်ပေါ့ လှူဖြစ်နေပါတယ်။ နောင်လည်း လှူနေမှာပါ” လို့ဆိုပါတယ်။

 

ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW