တောင်းဆိုချက်မရမချင်း ဆန္ဒပြမယ်လို့ ဆန္ဒပြကျောင်းသားများပြော

 

မန္တ​လေး၊ဒီဇင်ဘာ ၄-၂၀၁၈

ဟိန်းကို (VOM)

 

ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ ဆိုင်ကယ်ပျောက်ဆုံးနေတာနဲ့ ပက်သက်ပြီး လုံခြုံရေးတာဝန်ချထားပေးဖို့ နဲ့ ကျောင်းအိမ်သာတွေ သန့်ရှင်းမှုမရှိတာတွေကို သန့်ရှင်းဖို့အတွက် ဝန်ထမ်းတိုးမြင့်ချထားပေးဖို့ ဗကသများအဖွဲ့ချုပ်မူနဲ့ဖွဲ့စည်းထားတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ က ယနေ့ ဒီဇင်ဘာ(၄)ရက် နံနက်ပိုင်းက ဆန္ဒပြတောင်းဆိုမှု ဒုတိယအကြိမ် ပြုလုပ်ခဲ့ကြပါတယ်။

 

“ ဒီကိစ္စကို မန္တလေးတိုင်းအစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ ပြောထားပါတယ် ယနေ့ချိန်ထိ ဖြေရှင်းမပေးဘူး ပါမောက္ခချုပ်ကလည်း ခေါင်းရှောင်နေတယ် “ လို့ ဆန္ဒပြကျောင်းသား ရဲမျိုးဆွေ ကပြောပါတယ်။

 

ဆန္ဒပြတာကို နိုဝင်ဘာ(၂၉)ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် လုပ်ခဲ့ကြပြီး၊ ဒီနေ့ဆန္ဒပြတာကတော့ ဒုတိယအကြိမ်ဖြစ်ပါတယ်။ တောင်းဆိုထားတဲ့ အချက်တွေ မရမချင်း နေ့တိုင်း ကျောင်းရှေ့မှာ ဆန္ဒပြမယ်လို့ ဆန္ဒပြကျောင်းသားတွေက ပြောပါတယ်။

#VoiceOfMyanmar #YadanabonUniversityStudentProtest #ရတနာပုံတက္ကသိုလ်

Related posts

Leave a Comment

VOM News

FREE
VIEW