တောင်းဆိုချက်မရမချင်း ဆန္ဒပြမယ်လို့ ဆန္ဒပြကျောင်းသားများပြော

  မန္တ​လေး၊ဒီဇင်ဘာ ၄-၂၀၁၈ ဟိန်းကို (VOM)   ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ ဆိုင်ကယ်ပျောက်ဆုံးနေတာနဲ့ ပက်သက်ပြီး လုံခြုံရေးတာဝန်ချထားပေးဖို့ နဲ့ ကျောင်းအိမ်သာတွေ သန့်ရှင်းမှုမရှိတာတွေကို သန့်ရှင်းဖို့အတွက် ဝန်ထမ်းတိုးမြင့်ချထားပေးဖို့ ဗကသများအဖွဲ့ချုပ်မူနဲ့ဖွဲ့စည်းထားတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ က ယနေ့ ဒီဇင်ဘာ(၄)ရက် နံနက်ပိုင်းက ဆန္ဒပြတောင်းဆိုမှု ဒုတိယအကြိမ် ပြုလုပ်ခဲ့ကြပါတယ်။   “ ဒီကိစ္စကို မန္တလေးတိုင်းအစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ ပြောထားပါတယ် ယနေ့ချိန်ထိ ဖြေရှင်းမပေးဘူး ပါမောက္ခချုပ်ကလည်း ခေါင်းရှောင်နေတယ် “ လို့ ဆန္ဒပြကျောင်းသား ရဲမျိုးဆွေ ကပြောပါတယ်။   ဆန္ဒပြတာကို နိုဝင်ဘာ(၂၉)ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် လုပ်ခဲ့ကြပြီး၊ ဒီနေ့ဆန္ဒပြတာကတော့ ဒုတိယအကြိမ်ဖြစ်ပါတယ်။ တောင်းဆိုထားတဲ့ အချက်တွေ မရမချင်း နေ့တိုင်း ကျောင်းရှေ့မှာ ဆန္ဒပြမယ်လို့ ဆန္ဒပြကျောင်းသားတွေက ပြောပါတယ်။ #VoiceOfMyanmar #YadanabonUniversityStudentProtest #ရတနာပုံတက္ကသိုလ်

Read More

မော်လိုက်မြို့အနီး ချင်းတွင်းမြစ်သောင်ထွန်းမှုကြောင့် ကုန်တင်ရေယာဉ်များ ပိတ်မိ

မော်လိုက်၊ ဒီဇင်ဘာ ၄-၂၀၁၈ မိုင်ချယ်ရီ (VOM) စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် အတွင်းမှာ ချင်းတွင်းမြစ်ရေကျဆင်းပြီး သောင်ထွန်းမှုတွေ ဖြစ်နေတာကြောင့် ချင်းတွင်းမြစ်အတွင်းသွားနေတဲ့ ကုန်တင်ရေယာဉ်တွေဟာ နိုဝင်ဘာလ နောက်ဆုံးပတ်ကနေ စတင် ပိတ်နေတာ ဖြစ်ပြီး လက်ရှိ အချိန်မှာ ပိတ်မိနေတဲ့ ရေယာဉ် အစင်းပေါင်း၂၀ကျော်လောက် ရှိတယ်လို့ သိရပါတယ်။ ” ရေယာဉ်ပိတ်မိနေတာ နှစ်ရက် ကြာနေပြီ အခု ဝိတ်ပေါ့အောင် ကုန်တွေကို လှေငယ် နဲ့ ကဲ့နေတယ်” လို့  ရေယာဉ်ပိုင်ရှင် ဦးဝင်းကျော် က ပြောပါတယ်။ ခုလိုဖြစ်နေတာက မော်လိုက်မြို့နယ် တပ်ကုန်းကျေးရွာ နဲ့ ပန်းသာကျေးရွာ အကြားမှာ ရှိတဲ့ ချင်းတွင်းမြစ်ရေဟာ ပုံမှန်ဆိုရင် ရေအနက် ၃ ပေ ပတ်ဝန်းကျင်သာ ရှိနေပြီး ၄ ပေ ရေအနက် ရှိရင်တောင် သွားလို့ ရနေတဲ့…

Read More

ဘင်္ဂလားဒေ့ရှ်ကဆန်အ၀ယ်လျှော့ချလိုက်တဲ့အတွက် နိုဝင်ဘာလအတွင်း တန်ချိန် ငါးသောင်းကျော်သာ တင်ပို့ခဲ့ရ

မောင်တော၊ ဒီဇင်ဘာ ၄-၂၀၁၈ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်းကထွက်ရှိတဲ့ ဆန်နဲ့တခြားစားသုံးကုန်တွေကို မောင်တောနယ်ဒေသ ကုန်သွယ်ရေးဇုန်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အဓိကတင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ ယခင်လတွေက ရခိုင်ပြည်နယ်ဘက်ကဆန်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဆန်တန်ချိန်ပမာဏ အများအပြားတင်ပို့ ရောင်းချခဲ့ရပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာတော့ တစ်ဖက်နိုင်ငံက ၀ယ်ယူမှုလျှော့ချလိုက်တာကြောင့် တန်ချိန် ငါးသောင်းကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက ပြောပါတယ်။ “ ဆန်ကိုတော့ အရင်လတွေက တော်တော်များများတင်ပို့ခဲ့ရတာပေါ့နော်။ ပြီးခဲ့တဲ့လကတော့ နည်းနည်းကျဆင်းသွား တယ်၊ ပို့တော့ပို့နေရတာပါပဲ၊ လုံးဝပ်ရပ်ဆိုင်းသွားတာတော့မဟုတ်ဘူး ဟိုဘက်က၀ယ်ယူတာတွေလျှော့ချလိုက်တာ ကြောင့် နည်းသွားတာပါ ”လို့ မောင်တောနယ်စပ်ကုန်သွယ်ရေးအသင်း ဒုဥက္ကဌ ဦးအောင်စံသိန်းက ပြောပါတယ်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်က ဆန်ဝယ်ယူမှုကိုလျှော့ချခဲ့ပေမယ့် တခြားကုန်စည်တွေကို ယခင်လတွေကထက် ပိုမိုတင်ပို့ခဲ့ရတာကြောင့် နိုဝင်ဘာလအတွင်းမှာ ပို့ကုန်ကရရှိတဲ့ဝင်ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၆ သိန်းကျော်နဲ့ သွင်းကုန်ကရရှိတဲ့ ၀င်ငွေ ဒေါ်လာ ရှစ်ထောင်ကျော်ရှိခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့…

Read More

ကျောက်နီမော်မှာ ဘင်္ဂါလီ ၃၃၀၆ ဦးကို မှတ်ပုံတင်ထုတ်ပေးထားတဲ့ကိစ္စ ANP ကြေညာချက်ထုတ်

စစ်တွေ၊ ဒီဇင်ဘာ ၄-၂၀၁၈ ခိုင်လင်းစံ (VOM) ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာက ဘင်္ဂါလီ ၃၃၀၀ ကျော်ကို ကမန်တိုင်းရင်းသားအဖြစ် မှတ်ပုံတင် ထုတ်ပေးထားတာနဲ့ပတ်သက်ပြီး ထိရောက်တဲ့ဖြေရှင်းမှုတွေမပြုလုပ်တဲ့အတွက် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရခိုင်အမျိုးသားပါတီ ANP က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အဲဒီကြေညာချက်မှာ အခုလိုမျိုးဘင်္ဂါလီတွေကို နိုင်ငံသားအဆင့်ထက်ကျော်လွန်ပြီး တိုင်းရင်းသားမျိုးနွယ်စုတွေအဖြစ် မှတ်ပုံတင်တွေထုတ်ပေးထားတာဟာ ဥပဒေနဲ့ညီညွတ်မှုမရှိဘဲ ပြုလုပ်ထားတာဖြစ်တဲ့အတွက် တာဝန်ရှိသူတွေကို အရေးယူပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။ “ဒါဟာ နိုင်ငံတော်အတွက် အန္တရာယ်ရှိတယ်။ ထိခိုက်မှုတွေရှိလာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံသားမဟုတ်သူတွေကို နိုင်ငံသားပေးတာထက်ကျော်လွန်ပြီး တိုင်းရင်းသားထဲကို ထည့်သွင်းလိုက်တာဟာ အချုပ်အချာအာဏာကိုထိခိုက်လာမယ့် လုပ်ရပ်တွေဖြစ်တယ်၊သူတို့ရဲ့သားသမီးတွေဟာ အလိုအလျောက် တိုင်းရင်းသားအခွင့်အရေးတွေကို ရရှိလာကြမှာဖြစ်တယ်၊ အချုပ်အခြာအာဏာကို စွပ်ဖက်မှုတွေပြုလုပ်လာနိုင်တာကြောင့် အခုလိုထုတ်ပြန်တာဖြစ်ပါတယ် ”လို့ ANP အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။ အဲဒီကိစ္စဟာ ဥပဒေနဲ့ညီညွတ်မှုမရှိတဲ့ လုပ်ရပ်ဖြစ်တာကြောင့် ပြန်လည်စိစစ်ပေးဖို့နဲ့ ထုတ်ပေးထားတဲ့မှတ်ပုံတင်တွေကို ပြန်ရုပ်သိမ်းပေးဖို့ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊…

Read More
VOM News

FREE
VIEW