လင်ယောက်ျားဟန်ဆောင်ပြီး သားမယားပြုကျင့်မှု ထီးချိုင့်မြို့နယ်တွင်ဖြစ်ပွား

ထီးချိုင့် ဒီဇင်ဘာ ၉-၂၀၁၈

ဗျဂ္ဃ (VOM)

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ အင်ဒေါင်းကျေးရွာ၊ သပြေလွင်ကုန်းရှိ ယာခင်းထဲတွင် ဒီဇင်ဘာလ ၆ ရက်နေ့ ညဦးပိုင်းက လင်ယောက်ျားမရှိခိုက် တဲနားနီးနေထိုင်သူက လင်ယောက်ျားဟန်ဆောင်ပြီး သားမယားပြုကျင့်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။

လင်ယောက်ျားဖြစ်သူက အခြားတစ်နေရာကို ကြက်ဖိုးသွားတောင်းနေစဉ်  တဲမှာ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးထဲကျန်ခဲ့တုန်းမှာ ဖြစ်ပွားခဲ့တာပါ။ တစ်ယောက်ထဲ အိပ်နေတုန်းမှာ လူတစ်ဦးက အိပ်ယာကို လာပြီး ရင်သား၊ ဝမ်းဗိုက်တို့ကို ပွတ်သပ်ကိုင်တွယ်နေတာကို လင်ယောက်ျားအမှတ်ဖြင့် ငြိမ်ခံနေရာမှ အရက်နံ့ရသဖြင့် ဘယ်သူလဲမေးရာ ဘာမှမပြောဘဲ လက်နှစ်ဖက်လုံးကို ချုပ်ပြီး ထမီလှန်ကာ သားမယားအဖြစ်  ပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

ကျူးလွန်ခံရသူက သူ့ယောက်ကျားက အရက်မသောက်တတ်မှန်းသိတဲ့အတွက် ရုန်းကန်ပြီး အနီးရှိ လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်မှ တဲအနီးမှာ နေထိုင်သူဖြစ်တယ်လို့ သိရတဲ့အတွက် အလိုမတူဘဲ သားမယားပြုကျင့်သူကို ကျူးလွန်ခံရသူက ဒီဇင်ဘာ ၈ ရက်နေ့က ထီးချိုင့်မြို့မရဲစခန်းမှာ အမှုဖွင့်မှုဖြစ်ပွားခဲ့တာပါ။

ရဲတပ်ဖွဲ့ကတော့ သက်သေခံပစ္စည်းသိမ်းဆည်းတာ၊ အခင်းဖြစ်ပွားရာနေရာတွေ မြေပုံကြမ်းရေးဆွဲတာ၊ ဆေးစစ်တာတွေ စတဲ့ ရဲလုပ်ထုံးလုပ်နည်းတွေ အတိုင်းလုပ်ဆောင်နေပြီး ပြစ်မှုကျုးလွန်တယ်ဆိုတဲ့ စန်းချစ်မောင်(၃၉ နှစ်)ကို ချုပ်ရီမန်ယူကာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ရင်းနှီးမှုကို အခွင့်ကောင်းယူပြီး ယောက်ျားဟန်ဆောင်ကာ ကာမရယူခဲ့သူ စန်းချစ်မောင်ကိုတော့ ထီးချိုင့်မြို့မရဲစခန်းက အမှုကြီးအမှတ်စဉ် ၁၁/၂၀၁၈၊ (ပ)၂၅၁/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ တိုင်းရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။

#VOICEOFMYANMAR #ထီချိုင့်# လင်ယောက်ျားဟန်ဆောင်ပြီးသားမယားပြုကျင့်မှု

Related posts

Leave a Comment

VOM News

FREE
VIEW