မြေသိမ်းဥပဒေကိစ္စ လယ်သမားတွေ ဆွေးနွေး

စစ်တွေ၊ ဒီဇင်ဘာ ၁၂-၂၀၁၈ ခိုင်လင်းစံ (VOM) အသစ်ထွက်ရှိလာမယ့် မြေသိမ်းဥပဒေ ပြဌာန်းရေးကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ဦးဆောင်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဆွေးနွေးမှုပြုလုပ်နေပါတယ်။ အဲဒီဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ပြုလုပ်နေတာဖြစ်ပြီး ယခု ၂၀၁၈ ခုနှစ်အတွင်း အသစ်ပြင်ဆင် လိုက်တဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေနဲ့ မကြာခင်ပြဌာန်းဖို့ရှိနေတဲ့ မြေသိမ်းဥပေဒတွေကို ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ “အသစ်ပြင်ဆင်လိုက်တဲ့ မြေယာဥပဒေမှာ နာမည်တွေကို ပြောင်းလဲအသုံးပြုထားတာကလွဲလို့ ထူးခြားတာမရှိဘူး၊ တောင်သူတွေအတွက် အကျိုးဖြစ်ထွန်းမယ့် အနေအထားကိုမတွေ့ရဘူး၊ မြေသိမ်းဥပဒေကို ပြဌာန်းလို့ရှိရင်လည်း ပိုဆိုးလာနိုင်မယ့်သဘောကို တွေ့ရတယ်၊ ဒါကြောင့် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ ဒီကိစ္စအတွက်”လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံကပြောပါတယ်။ ဒါ့အပြင် ထပ်မံပြဌာန်းဖို့ပြင်ဆင်နေတဲ့ မြေသိမ်းဥပဒေဟာ တောင်သူတွေအတွက် အကျိုးမရှိတဲ့ဥပဒေတစ်ရပ်ဖြစ်သလို အဲဒီဥပဒေကိုပြဌာန်းလိုက်ပါက တောင်သူတွေအနေနဲ့ မြေယာမဲ့တွေဖြစ်သွားနိုင်တယ်လို့…

Read More

စစ်တွေမှာ မူးယစ်ဆေးဝါး ကျပ်သန်းပေါင်း ၄၀၀၀ နီးပါးဖိုး ဖမ်းဆီးရမိ

စစ်တွေ၊ ဒီဇင်ဘာ ၁၂-၂၀၁၈ ခိုင်လင်စံ(VOM) စစ်တွေမြို့ကနေ မောင်တောမြို့ကိုပို့ဆောင်မယ့် စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၁၃ သိန်း၊ ကာလတန်ဖိုး ကျပ်သန်းပေါင်း ၃၉၀၀ ဖိုးအား ဒီဇင်ဘာလ ၁၁ ရက်နေ့က စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီဆေးပြားတွေကို ယမန်နေ့မနက်ပိုင်း ၁၀ နာရီခွဲအချိန်မှာ ပါကင်ဘူးတွေသယ်ဆောင်လာတဲ့ သုံးဘီးဆိုင်ကယ် တစ်စီးကို မသင်္ကာသဖြင့် စစ်ဆေးမှုပြုလုပ်ခဲ့တဲ့အခါ ရွှေဝါ ဆပ်ပြာပါကင်ထဲမှာထည့်ထားတဲ့ ဆေးတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့က သတင်းအရစောင့်နေတာပါ၊ အဲဒီမှာ သုံးဘီးဆိုင်ကယ်ကို မသင်္ကလာလို့စစ်ဆေးတော့ ဆေးပြားတွေကို တွေ့တာဖြစ်ပါတယ်၊ ပါကင်အထုပ်ပေါင်းက ၃၃ ထုတ်၊ အတွင်းမှာ ဆေးပြားပေါင်း တစ်သောင်းစီထည့်ထားတဲ့ အထုတ်အရေအတွက်က ၁၃၀၊ စုစုပေါင်းဆေးပြားက ၁၃ သိန်းဖြစ်ပါတယ်”လို့ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆေးပြားတွေကို သယ်ဆောင်လာခဲ့တဲ့ သူံးဘီးဆိုင်ကယ်သမားမှာ စစ်တွေမြို့နယ် နာရီကန်ကျေးရွာက ဦးမောင်ထွန်းဝင် (ခ)…

Read More

ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ အုပ်စုဖွဲ့ လုယက်သူတွေ ဖမ်းဆီးရမိ

  မုံရွာ၊ဒီဇင်ဘာ ၁၂-၂၀၁၈ ဗျဂ္ဃ(VOM) လွန်ခဲ့တဲ့ ၁ ပတ်လောက်က မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ လုယက်မှုကို မုံရွာမြို့မရဲစခန်းက (ပ)၁၈၀၅/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၆/၃၄ အရ အမှုဖွင့်ပြီး အလိုရှိနေတဲ့ လုယက်သူတွေကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။ မျက်နှာဖုံးအုပ် အမည်မသိ လူအုပ်စုက ချိန်းတွေ့နေတဲ့ သမီးရည်းစားစုံတွဲ နဲ့ အဖော်မိန်းကလေး တစ်ယောက်ကို လူပြတ်တဲ့အဝေးတစ်နေရာကို ခေါ်ပြီး ပါလာတဲ့ ဖုန်းနဲ့ငွေတွေ လုယူတဲ့အပြင် လူတွေကိုလည်း ထိုးကြိတ်ကန်ကျောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မုံရွာကန်သာယာပန်းခြံမှာ မနေ့ညက အုပ်စုလိုက် ရန်ဖြစ်နေသူတွေကို မြို့ပြလုံခြုံရေးဆောင်ရွက်နေတဲ့ လှည့်ကင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး စစ်ဆေးရာကနေ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိမှာ ပြစ်မှုကျူးလွန်သူ ၇ ယောက်စလုံးကို ဖမ်းဆီးစစ်ဆေးနေပြီး သက်သေခံပစ္စည်းသိမ်းဆည်းတာ၊ ကျူးလွန်ပုံနှင့် ကျူးလွန်ရတဲ့ အကြောင်းစစ်ဆေးတာတွေ…

Read More

တိုင်းမ်မဂ္ဂဇင်းရဲ့Person of the Year 2018 ဆုမှာ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ပါဝင်

နယူးယောက်၊ ဒီဇင်ဘာ ၁၂-၂၀၁၈ မျိုးဆက် (VOM) တိုင်းမ်မဂ္ဂဇင်းရဲ့ တစ်နှစ်တာ လူပုဂ္ဂိုလ်ဆု Person of the Year 2018 ကိုကြေညာရာမှာ The Guardians ဆိုတဲ့ ခေါင်းစဉ်နဲ့ဂုဏ်ပြုဆုအတွက် မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ရိုက်တာသတင်း ထောက်နှစ်ဦးအပါအ၀င် သတင်းသမားလေးဦးနဲ့ သတင်းစာတစ်စောင်တို့ပါဝင်ခဲ့ပါတယ်။ Person of the Year 2018 ကို ဒီဇင်ဘာ ၁၁ ရက်ကကြေညာရာမှာ ကိုဝလုံး၊ ကိုကျော်စိုးဦး၊ အသတ်ခံခဲ့ရတဲ့ ဆော်ဒီသတင်းထောက် ဂျမယ်ခါရှိုဂီနဲ့ အဖမ်းခံထားရတဲ့ ဖိလစ်ပိုင် သတင်းစာဆရာ မာရီယာရက်ဆောအပြင် အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် အန်နာပိုလစ်မြို့အခြေစိုက် ကယ်ပီတယ်ဂေဇက် သတင်းစာတို့ ပါဝင်ပါတယ်။ ဆော်ဒီသတင်ထောက် ခါရှိုဂီမှာ ၀ါရှင်တန်ပို့စ် သတင်းစာတွင် လုပ်ကိုင်နေသူဖြစ်ပြီး တူရကီနိုင်ငံ အစ္စတန်ဘူမြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းအသတ်ခံခဲ့ရသူဖြစ်ပြီး ကိုဝလုံးနဲ့ ကိုကျောစိုးဦးတို့ကတော့ ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးမှာ…

Read More

တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားများထိခိုက်မှုရှိပြီး နေရပ်စွန့်ခွာသူများလာ

ဘူးသီးတောင်၊ ဒီဇင်ဘာ ၁၂-၂၀၁၈ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်နဲ့ နယ်စပ်ဒေသတွေမှာ ပြီးခဲ့တဲ့လကုန်ပိုင်းကစတင်ကာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ အဲဒီတိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားတစ်ဦးထိခိုက်မှုရှိခဲ့ပြီး ဒေသခံအများအပြားဟာ နေရပ်စွန့်ခွာထွက်ပြေးသူတွေ များပြားလာနေတာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့က စိုင်းဒင်ချောင်းအတွင်း ခလရ ၂၃၄ တပ်ရင်းက စစ်ကြောင်းထွက်လာခဲ့ရာ မြိုမချောင်းကျေးရွာသို့အရောက်မှာ စက်လှေသမားတွေကို အကူအညီတောင်းခံခဲ့တဲ့အတွက် လိုက်လံပို့ဆောင်ခဲ့ရာ လမ်းမှာတိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့ပြီး စက်လှေမောင်းတဲ့ ရခိုင်လူငယ်တစ်ဦး ကျည်ထိဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ “၁၀ ရက်နေ့ကတော့ စိုင်းဒင်ချောင်းထဲမှာ တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်။ စစ်ကြောင်းထွက်လာတဲ့အချိန်မှာ တိုက်ခိုက်ခဲ့တယ်လို့သိရတယ်၊ ရခိုင်လူငယ်တစ်ဦး လက်မောင် ကျည်ဖောက်သွားတယ်လို့ကြားတယ်၊ ထိပ်တိုက်တွေ့တဲ့တိုက်ပွဲဖြစ်နိုင်တယ်”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။ ဒဏ်ရာရရှိသူမှာ မြိုမချောင်းကျေးရွာက ကိုအောင်ကျော်ထွန်းဖြစ်ပြီး ဘယ်ဘက်လက်မောင်းကို ကျည်ဖောက်ဝင်သွားခဲ့ ကာ ၎င်းအားဆေးကုသမှုခံယူရန် ဘူးသီးတောင်ဆေးကိုကို ပို့ဆောင်ထားပြီးဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာတော့…

Read More

ယခုနှစ်ကုန်ပိုင်းတွင် တောင်ကိုရီးယားသို့ ကင်ဂျုံအန်လာရောက်နိုင်ဖွယ်မရှိတော့

ဆိုးလ်၊ ဒီဇင်ဘာ-၁၂ မျိုးဆက် (VOM) မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာ  ယခုနှစ်ကုန်ပိုင်းမှာ တောင်ကိုရီးယားကို လာရောက်နိုင်ဖွယ် မရှိတော့ဘူးလို့ တောင်ကိုရီးယားသမ္မတ အိမ်တော်တာဝန်ရှိသူတစ်ဦးက ယွန်ဟက်သတင်းဌာနကို ဒီဇင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။ လုံခြုံရေးအခြေအနေစိုးရိမ်ပူပန်မှု၊ ပြည်တွင်းနိုင်ငံရေးအခြေအနေ၊ အမေရိကန်နဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်နေတာတွေလိုမျိုး စိန်ခေါ်မှုအနည်းငယ်ကြောင့် ယခုနှစ်မှာ  တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်သို့ ကင်ဂျုံအန် လာရောက်နိုင်ဖွယ်မရှိတော့တာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။ လွန်ခဲ့တဲ့  စက်တင်ဘာလက ထိပ်သီးဆွေးနွေးပွဲအတွက် မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံးယမ်းကို တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင် သွားရောက်ခဲ့ရာမှာ ကင်ဂျုံအန်အား တောင်ကိုရီးယားကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။  ယခုတစ်ပတ်အတွင်းကလည်း ဆိုးလ်ကို ကင်ဂျုံအန်လာရောက်ဖို့ တောင်ကိုရီးယားက ဖိတ်ကြားမှုတစ်ရပ်ပေးပို့ခဲ့ပေမယ့် မြောက်ကိုရီးယားဘက်က အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။ လာမယ့် နှစ်ဆန်းပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် စတင်ပြင်ဆင်နေကတည်းက ယခုနှစ်ကုန်မတိုင်မီ တောင်ကိုရီးယားသို့ ကင်ဂျုံလာရောက်ဖို့ ကိစ္စမှာ လွယ်ကူနိုင်ဖွယ်မရှိတော့ဘူးလို့…

Read More

ဇာတ်လမ်းကို အဓိက ကြည့်ပြီး ဇာတ်ကားတွေ ရိုက်ကူးဖြစ်တယ်ဆိုတဲ့ နန်းဆုဦး

ရန်ကုန် ဒီဇင်ဘာ ၁၂-၂၀၁၈ သင်းသဒ္ဒါ(VOM) ဂျစ်ကန်ကန် အမူအယာလေးနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့ သရုပ်ဆောင် နန်းဆုဦးကတော့ အနုပညာနဲ့ ပတ်သက်လာရင်တော့ အဓိကတော့ ဇာတ်လမ်းကို ကြည့်ပြီးပဲ ရိုက်ကူးဖြစ်တယ်လို့ဆိုပါတယ်။ “ဥပမာ-ဇာတ်လမ်းက တခါတလေမကောင်းတဲ့ ဇာတ်လမ်းတွေလည်း ရှိပါတယ်၊ ပရိသတ်အနေနဲ့ ကြည့်လိုက်လို့ ဒီကားကြီးမကောင်းဘူးလို့ မဖြစ်စေချင်ပါဘူး၊ နန်းဆုကားကို ကြည့်လိုက်တဲ့ ပရိသတ်က ဖျော်ဖြေရေးတစ်ခုပဲဖြစ်ဖြစ် တစ်ခုခုကျန်ခဲ့စေချင်တယ်၊ မင်းသားသစ်တယ် ဟောင်းတယ်မကြည့်ပဲ ဇာတ် လမ်းကိုပဲ ကြည့်ပြီးတော့ နန်းဆု ရိုက်ကူးဖြစ်ပါတယ်၊ နန်းဆုက ဘယ်မင်းသားနဲ့ဆိုမရိုက်ဘူးရယ်လို့ မရှိပါဘူး အဓိက ဇာတ်ကြိုက်ရင် တော့ ရိုက်ဖြစ်ပါတယ် “ သူမက ပြောပါတယ်။ သူမကတော့ ဒီဇင်ဘာ ၁၆ ရက်မှာ Canal + Channel ကထုတ်လွှင့်မယ့် ခရီးသွားကောက်ကြောင်း ဇာတ်လမ်းတွဲမှာတော့ အကယ်ဒမီ လူမင်း၊ နိုင်းနိုင်း ၊…

Read More

အကြိမ်ကြိမ်ရွှေ့နေခဲ့တဲ့ ထိုင်းနိုင်ငံရွေးကောက်ပွဲ ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျင်းပတော့မည်

ဗန်ကောက်၊ ဒီဇင်ဘာ ၁၂-၂၀၁၈ မျိုးဆက် (VOM) ထိုင်းနိုင်ငံမှာ အကြိမ်ပေါင်းများစွာ ရွှေ့ဆိုင်းနေခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး  နိုင်ငံရေးလှုပ်ရှားမှုတွေ ပိတ်ပင်ထားတာကိုလည်း ဇန်န၀ါရီလမှာ ထိုင်းအစိုးရက ရုပ်သိမ်းသွားမှာဖြစ်တယ်လို့ ထိုင်းရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်ခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း ယင်လပ် အစိုးရကို လမ်းပေါ်ထွက်ဆန္ဒပြတာတွေ လအတန်ကြာဖြစ်ပွားပြီးနောက် ဥပဒေစိုးမိုးဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းစစ်တပ်က ၂၀၁၄ ခုနှစ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုတွေကို တင်းတင်းကြပ်ကြပ် တားမြစ်ထားခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲနေ့အဖြစ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကို သတ်မှတ်ကြောင်း ထိုင်း ရွေးကောက်ပွဲကော်မရှင် ဒုတိယအတွင်းရေးမှူးချုပ် နတ်လအိုဆီဝါကူက သတင်းထောက်များကိုပြောဆိုလိုက်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေ ပိတ်ပင်ထားတာကို ရုပ်သိမ်းဖို့ကတော့  အစိုးရအပေါ်မှာ မူတည်နေတယ်လို့ ၎င်းက ဆိုပါတယ်။ အရှေ့တောင်အာရှရဲ့…

Read More

ရမ်းဗြဲမြို့နယ်က မူလတန်းပြဆရာမအား သတ်ဖြတ်သူကို ၂၄ နာရီအတွင်းဖမ်းမိ

ရမ်းဗြဲ၊ ဒီဇင်ဘာ ၁၂-၂၀၁၈ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မနက်ပိုင်းက ကျောင်းသို့စာပြရန်သွားရောက်တဲ့ ဆရာမတစ်ဦးအား လမ်းမှာ သတ်ဖြတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲဒီဆရာမကိုသတ်ဖြတ်တဲ့သူကို ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့က ၂၄ နာရီအတွင်း သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့ တယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ “ဆရာမမေဇင်နှင်း သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ ဖခင်ဖြစ်သူ ဦးရွှေအေးက တရားပြုတိုင်ကြားထားပါတယ် ကျွန်တော်တို့ ရဲတပ်ဖွဲ့က စုံစမ်းမှုတွေပြုလုပ်ပြီး တရားခံ ရွှေထူး (ခ)အေးချမ်းကို ၂၄ နာရီအတွင်းမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်”လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ဆရာမအား သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ကို မြင်တွေ့သူမရှိခဲ့ပေမယ့် အခင်းဖြစ်ပွားတဲ့နေရာနဲ့ အနီးဆုံးကျေးရွာဖြစ်တဲ့ အချွိန်ပြင်ကျေးရွာကို မော်တော်ဆိုင်ကယ်အနီတစ်စီးဖြင့် လူတစ်ဦး အပြင်းဖြတ်မောင်းသွားတာကို မြင်တွေ့လိုက်သူတွေ ရှိခဲ့ပါတယ်။ “တရားခံ ရွှေထူး (ခ) ချမ်းအေးက အသက် ၂၁ နှစ်ဖြစ်ပါတယ်။ သူက ရေလုပ်သားတစ်ဦးဖြစ်ပါတယ်။ မာန်အောင်မြို့နယ်…

Read More
VOM News

FREE
VIEW