ရမ်းဗြဲမြို့နယ်က မူလတန်းပြဆရာမအား သတ်ဖြတ်သူကို ၂၄ နာရီအတွင်းဖမ်းမိ

ရမ်းဗြဲ၊ ဒီဇင်ဘာ ၁၂-၂၀၁၈

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မနက်ပိုင်းက ကျောင်းသို့စာပြရန်သွားရောက်တဲ့ ဆရာမတစ်ဦးအား လမ်းမှာ သတ်ဖြတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

အဲဒီဆရာမကိုသတ်ဖြတ်တဲ့သူကို ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့က ၂၄ နာရီအတွင်း သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့ တယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

“ဆရာမမေဇင်နှင်း သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ ဖခင်ဖြစ်သူ ဦးရွှေအေးက တရားပြုတိုင်ကြားထားပါတယ် ကျွန်တော်တို့ ရဲတပ်ဖွဲ့က စုံစမ်းမှုတွေပြုလုပ်ပြီး တရားခံ ရွှေထူး (ခ)အေးချမ်းကို ၂၄ နာရီအတွင်းမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်”လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဆရာမအား သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ကို မြင်တွေ့သူမရှိခဲ့ပေမယ့် အခင်းဖြစ်ပွားတဲ့နေရာနဲ့ အနီးဆုံးကျေးရွာဖြစ်တဲ့ အချွိန်ပြင်ကျေးရွာကို မော်တော်ဆိုင်ကယ်အနီတစ်စီးဖြင့် လူတစ်ဦး အပြင်းဖြတ်မောင်းသွားတာကို မြင်တွေ့လိုက်သူတွေ ရှိခဲ့ပါတယ်။

“တရားခံ ရွှေထူး (ခ) ချမ်းအေးက အသက် ၂၁ နှစ်ဖြစ်ပါတယ်။ သူက ရေလုပ်သားတစ်ဦးဖြစ်ပါတယ်။ မာန်အောင်မြို့နယ် နတ်ပြင်ကျေးရွာကဖြစ်ပါတယ်။ တောအရက်နဲ့ ဓနိရည်တွေ အလွန်အကျွံသောက်ပြီး မူးလာတော့ လူအသွားအလာ ပြတ်လပ်တဲ့နေရာမှာ ဆရာမကိုတွေ့တော့ ကာမရာဂစိတ်တွေ ပြင်းထန်ပြီး ကျူးလွန်ခဲ့တာဖြစ်တယ်လို့ စစ်ဆေးပေါ်ပေါက်ပါတယ်”လို ရဲတပ်ဖွဲ့ကသိရပါတယ်။

ကျောင်းဆရာမအား ကာမကျူးလွန်သတ်ဖြတ်ခဲ့သူ တရားခံရွှေထူး (ခ)အေးချမ်းအား ရဲတပ်ဖွဲ့က ဥပဒေအရာစွဲတင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မှုတွေ ပြုလုပ်နေပြီဖြစ်တယ်။

#voiceofmyanmar ရမ်းဗြဲ#မူလတန်းပြဆရာမသတ်ဖြတ်သူကို၂၄နာရီအတွင်းဖမ်းမိ#

Related posts

Leave a Comment

VOM News

FREE
VIEW