ဇာတ်ကားတွေ ခိုးကူးပြီးအွန်လိုင်းပေါ်ပြန့်သွားတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေ တော်တော်ကိုတွန့်စေတယ်ဆိုတဲ့ ဇဏ်ခီ

ရန်ကုန် ဒီဇင်ဘာ ၁၃-၂၀၁၈

သင်းသဒ္ဒါ(VOM)

ခီမောင်နှံတွေဖြစ်တဲ့ သရုပ်ဆောင် ဇဏ်ခီကတော့ ကျွန်တော်တို့ မြန်မာပြည်အတွင်းမှာ ဇာတ်ကား တွေ ခိုးကူးပြီးတော့ အွန်လိုင်းပေါ်ပြန့်သွားတဲ့အတွက် ရုပ်ရှင်ဇာတ်ကားတွေကို ရင်းနှီးမြှုပ်နှံသူအပိုင်း အတွက် တော်တော်ကိုတွန့်စေတယ်လို့ဆိုပါတယ်။

စင်ကာပူအထိ မြန်မာဇာတ်ကားတွေ လက်ရှိမှာ ထိုးဖောက်နေသလို အားဆီယံထိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ “ကျွန်တော်တို့ market ကချဲ့ကိုချဲ့မှရမယ်၊မြန်မာပြည်မှာ ရုံကနည်းသေးတော့ ပြန်ရှာနိုင်မယ့်ပိုက် ဆံအတိုင်းအတာက ပြောရမယ်ဆိုရင် နောက်တစ်ကားထည့်ဖို့အတွက် မထည့်ရဲကြဘူး၊ ဘာလို့လည်း ဆိုတော့ထည့်မယ့် ပိုက်ဆံကရှိသည့်တိုင်အောင် မထည့်ရဲကြဘူး။ ပထမတစ်ချက်။ နောက်တစ် ချက်က အွန်လိုင်းပေါ်မှာ ပြန့်သွားရင်ကို ကျွန်တော်တို့ကပြဿနာရှိတယ်၊ ဥပမာ- ဥပါယ်တံမျဉ်တုန်းကဆိုရင် ပျံ့သွားတယ်၊ ဘာမှ လုပ်လို့မရဘူးဖြစ်နေတယ်၊ law အရလည်း ကျွန်တော်တို့ကို ကာကွယ်ပေးတာ မရှိဘူး၊အဖွဲ့အစည်းတွေကလည်း ဘာမှမလုပ်ပေးနိုင်ကြဘူး”လို့ ဆိုပါတယ်။

ဇဏ်ခီကတော့ ကိုယ်တိုင်ရေးထားတဲ့ ဇာတ်ညွှန်းဖြစ်တဲ့ Now & Ever ထာဝရနှောင်ကြိုး ရုပ်ရှင် ဇာတ်ကြီးကို ဒီလထဲမှာ သရုပ်ဆောင် ပိုင်ဖြိုးသု ၊ဂျူးဂျူးကေ စတဲ့ အနုပညာရှင်တွေနဲ့   ၄လနီးပါး ရိုက်သွားမှာလို့ သိရပါတယ်။ဒီဇာတ်ကားကိုလည်း ပထမရိုက်ကူးထားတဲ့ မုဒြာခေါ်သံ နဲ့ ဥပါယ်တံမျဉ် ဇာတ်ကားတွေ ပြည်ပကို ပြသနိုင်ဖို့အတွက်လည်း အကောင်းဆုံး ရိုက်ကူးတင်ဆက်သွားမ်ာလို့ သိရပါတယ်။

“ကျွန်တော်တို့အနေနဲ့က ရုံတွေများလာတဲ့ အထိစောင့်ပြီးမှ ကားတွေ ကောင်းကောင်းရိုက် မယ်ဆိုပြီး တွက်လို့မရဘူး၊ ဒါကြောင့် ကွာလတီသွားချင်တယ်ဆိုရင် ကိုယ့် Market ကိုယ်ချဲ့မှပဲရမယ်၊ market က စင်္ကာပူမှာတော့ ပေါက်သွားတယ်၊ စင်္ကာပူအစိုးရကို အခွန်ဆောင်တယ်၊ မြန်မာအစိုးရကိုလည်း အခွန် ဆောင် ပြီးတော့ market ပေါက်သွား အောင်လုပ်နိုင်ခဲ့တယ်၊ တခြားနိုင်ငံ တွေကိုလည်း လုပ်ဖို့ကြိုးစားနေပါတယ်၊ ဒါပေမယ့်ပြဿနာက မြန်မာလူဦးရေနည်းတာက တစ်ကြောင်းပြီး တော့ မြန်မာကို သိပ်မသိ သေးတာ တစ် ကြောင်းကြောင့် ဘယ်သူတွေကလာကြည့်မှာလဲ၊ ပြည်ပမှာ ရုပ်ရှင် ရုံတစ်ခု ဌားရံနိုင်ဖို့ကလည်း မလွယ်လှ ပါဘူး၊ မြန်မာဇာတ်ကားတွေ ကိုယ့်ရုံကို တခြားနိုင်ငံမှာနေတဲ့ သူတွေ ကြည့်ပါ့မလားဆိုတဲ့ စိုးရွံ့မှုတွေရှိ နေ တော့ ကျွန်တော်တို့က အဲ့ဒါကို ကြိုးစားနေပါတယ်”လို့ဆိုပါတယ်။

#voiceofmyanmar#ဇာဏ်ခီ#

ဓာတ်ပုံ-သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW