ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်က တခြားဟာတွေနဲ့ မတူတဲ့ဖိအားပေးတာတွေ ရှိတယ်ဆိုတဲ့ ဘုဏ်းသိုက်

ရန်ကုန် ဒီဇင်ဘာ ၁၃ -၂၀၁၈

သင်းသဒ္ဒါ(VOM)

သရုပ်ဆောင်ရော ဒါရိုက်တာပါ လုပ်ဆောင်နေတဲ့ ဘုဏ်းသိုက်ကတော့ ” ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားက တခြားဟာတွေ မတူညီတဲ့ဖိအားပေးတာတွေရှိတယ်လို့ဆိုပါတယ်။

” အဓိကတော့ အန်ကယ်လေးရဲ့ လိုအပ်ချက်ကို ၀င်ဖြည့်ပေးတဲ့သဘောပါ၊ဗိုလ်ချုပ်ရုပ်ရှင်ကိုတော့ ကျွန်တော်တို့က မုန်းတဲ့ စိတ်နဲ့ မဟုတ်ပဲ ချစ်တဲ့စိတ်နဲ့ အကောင်းဆုံးပုံဖော်မှာပါ”လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင် အတ္ထုပ္ပတ္တိဇာတ်ညွှန်းကိုတော့ အကယ်ဒမီလူမင်း လိုအပ်ချက်ကိုဖြည့်တဲ့အနေနဲ့  ကျွန်တော်ရယ် ၊ ကိုအောင်ကြီး နှစ်ယောက်ရေးဖြစ်နေတယ်လို့လည်း သိရပါတယ်။

ဇာတ်ညွှန်းပိုင်းပတ်သက်ပြီးတော့  ” ဗိုလ်ချုပ်ရုပ်ရှင်အပေါ် ကိုယ့်တာဝန်ယူစိတ်က ကိုယ့်ကိုဖိအားပေးတာပါ၊ ဇာတ်ကားတွေနဲ့စာရင်း ဒီဟာကတစ်နိုင်ငံလုံးက အထွတ်အမြတ်ထားတဲ့ ဗိုလ်ချုပ်ရဲ့ ဇာတ်မျိုးစိန်ခေါ်မှု ပိုများတယ်၊ကိုယ့်ဘက်က စိုက်ထုတ်ရတဲ့ အားပမာဏက စိတ်ရော၊လူရောများတယ်၊တခြားအလုပ်လုပ်မယ်လို့ တည်ထားတွေအကုန်လုံး နောက်ကိုဆုတ်ပြီး ဒီဇာတ်အတွက် အခန်းတစ်ခန်းထဲမှာ ပိတ်ပြီးတော့ဘယ်မှမသွားပဲ လနဲ့ချီပြီးတော့ အားထုတ်နေပါတယ်”လို့ဆိုပါတယ်။

လက်ရှိ အစိုးရအနေဖြင့် ဗိုလ်ချူပ်အောင်ဆန်းအတ္ထုပ္ပတ္တိကို အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း ရေးသားပြုစုရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ပြီးတော့ သီးသန့်တာဝန်ပေးခဲ့ပါတယ်။

ဗိုလ်ချူပ်အောင်ဆန်းအတ္ထုပ္ပတ္တိမူကြမ်းက ရာခိုင်နူန်းအားဖြင့် ၉၉ရာခိုင်နှုန်းပြီးစီးပါပြီ။  အဲဒီမူကြမ်းကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ လာမဲ့လပိုင်းတွင် တင်ပြမည်ပြီးတော့ အတည်ပြုချက်ယူနေတယ်လို့လည်း သိရပါတယ်။ သမိုင်းမှတ်တမ်းဖြစ်လာမဲ့ ဗိုလ်ချူပ်အောင်ဆန်း အတ္ထုပ္ပတ္တိမူကြမ်းကို လာမည့် ဇန်န၀ါရီလတွင် ပုံနှပ်ဖြန့်ဝေသွားပါမယ်လို့သိရပါတယ်။

#voiceofmyanmar#ဘုဏ်းသိုက်#

ဓာတ်ပုံ -သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW