အင်းတော်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ကျပ်သိန်းပေါင်း တစ်သောင်းကျော်ဘိုး ဖမ်းဆီးရမိ

ကသာ၊ ဒီဇင်ဘာ ၁၃-၂၀၁၈

နိုင်ကြီး (ကသာ) (VOM)

စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် နန့်မကျိုင်းကျေးရွာအနီး ရွှေဘို – မြစ်ကြီးနား ဗျူဟာ ကားလမ်းမပေါ်မှာ မောင်းနင်လာတဲ့ ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးရာက မူးယစ်ဆေးဝါးများ ကျပ်သိန်း တစ်သောင်းကျော်တန်ဘိုး  ဖမ်းဆီးရရှိမှု ဒီဇင်ဘာလ (၁၂)ရက်နေ့ နေ့လည်(၁)နာရီ အချိန်က ဖြစ်ပွားခဲ့ပါတယ် ။

မူးယစ်သတင်းအရ တာဝန်ရှိသူတွေက စစ်ဆေးဆောင်ရွက်မှု ပြုလုပ်နေချိန် အင်းတော်မြို့ဘက်မှ ကချင်ပြည်နယ်ဘက်သို့ သန်းဇော်လင်း မောင်းနင်ပြီး ကျော်လောက်အေ(ခ)မြင့်ဝင်း လိုက်ပါလာတဲ့ PKE 2L –  6951 နံပါတ်ပါ  VOXY အမျိုးအစား ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းက အဖြူရောင် ပီနံအိပ်ကြီးတစ်လုံး အတွင်း အပြာရောင်ကပ်ခွာအိပ်ငယ် တစ်ထုပ်ကို မူးယစ်ဆေးပြား (၁၉၀)ပြား ပါဝင်တဲ့ အထုပ်သုံးဆယ် ကို တစ်စီး  စီးထားသော အစီးနှစ်ဆယ် (အထုပ်ပေါင်း ၆၀၀) အတွင်းက မူးယစ်ဆေးပြားပေါင်း (၁၁၄၀၀၀) ပြား အလေးချိန်(၁၁ . ၄)ကီလို  ကာလတန်ဘိုး ကျပ်သိန်း(၅၇၀၀) နှင့် ပီနံအိပ်လက်ဆွဲအိပ် နှစ်လုံးအတွင်း က ရောင်စုံဆပ်ပြာခွက်များ အတွင်း တစ်ခွက်လျှင် ဘိန်းဖြူအမှုန့်အလေးချိန် (၁၀)ဂရမ်စီပါ ဆပ်ပြာခွက် (၄၄၁)ခွက် အလေးချိန်(၄ . ၄၁)ကီလို ကာလတန်ဘိုး ကျပ်သိန်း (၄၄၁၀)   မူးယစ်ဆေးပြား နှင့် ဘိန်းဖြူ  စုစုပေါင်း ကာလတန်ဘိုး ကျပ်သိန်း (၁၀၁၁၀) ကို တွေ့ရှိ ဖမ်းဆီးရမိ ခဲ့ပါတယ် ။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ သန်းဇော်လင်း (၄၃ နှစ်) ရပ်ကွက်(၃) သိန္နီမြို့ ရှမ်းမြောက် နေသူနှင့် ကျော်လောက်အေ(ခ)မြင့်ဝင်း (၃၀ နှစ်) ရပ်ကွက်(၄)  သိန္နီမြို့ ရှမ်းမြောက် နေထိုင်သူတို့ (၂)ဦး ကို အင်းတော်မြို့မ ရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလည်းစေသော ဥပဒေပုဒ်မများဖြင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။

#voiceofmyanmar#အင်းတော်#သိန်း၁သောင်းကျော်မူးယစ်ဆေးဝါးတွေမိ#

Related posts

Leave a Comment

VOM News

FREE
VIEW