၂၀ကျော် အစိတ်ပိုင်းပေမယ့် အရွယ်တော်တစ်စိတ် မဟိုင်းသေးတဲ့ မမတွေလိုပဲ ၊ စွဲဆောင်မှု အပြည့်ရှိဦး မယ်လို့ ဆိုတဲ့စိုင်းစိုင်း

ရန်ကုန် ဒီဇင်ဘာ ၁၃-၂၀၁၈

သင်းသဒ္ဒါ(VOM)

ပရိသတ်အချစ်တော် သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းကတော့  “၂၀ကျော် အစိတ်ပိုင်းပေမယ့် အရွယ်  တော်တစ်စိတ် မဟိုင်းသေးတဲ့ မမတွေလိုပဲ ၊ စွဲဆောင်မှုအပြည့်ရှိဦးမယ်လို့ ယုံကြည်ပါတယ်လို့ဆိုပါတယ်။

ရည်းစားတစ်ဝမ်းကွဲ ဇာတ်ကားနဲ့ ပတ်သတ်ပြီးတော့ ” ဒီဇာတ်ကားက ကျွန်တော်ဒီကားကို လွန်ခဲ့တဲ့ ၆နှစ်ကျော်ကရိုက်ထားတာပါ၊ အခုပြန်ကြည့်တဲ့အချိန်မှာလည်း မဟောင်းသေးဘူး၊ ကြည့်ရတာလတ်ဆတ်နေ တုန်းပဲရှိသေးတယ်၊ ဘယ်သူ့မှမကြည့်ရသေးဘူး၊ အဲ့ဒါကြောင့် ကျွန်တော်ကအပျိုကြီးမမနဲ့တူတယ် ဆိုပြီးတော့ ချစ်စနိုးလေးနဲ့တင်စားထားတာပါ၊ အခုမှရိုက်ထားတဲ့ ကားလိုမျိုး အစမ်းကြီးတော့ ခေတ်မမီ တော့ဘူးပေါ့နော်၊ ဒါပေမယ့် မကြည့်ရသေးတဲ့အခါ ကျတော့အသစ်ပဲ”လို့ ဆိုပါတယ်။

သူ့ကတော့ Franzo , Heart & Soul Flim Production ရဲ့ အချစ်ဒရာမာဇာတ်လမ်းပုံစံ နဲ့ “ရည်းစားတစ်ဝမ်းကွဲ”ရုပ်ရှင်ဒီဇာတ်ကားထဲမှာ သူဌေးသားလးချမ်းသာတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင် ထားတာလည်း ဖြစ်ပါတယ်။ဒီဇင်ဘာ ၂၁ရက်တွင် ရုံတင်ပြမယ့် နေ့မှာတော့  လာရောက်ကြည့်ရှုတဲ့ ပရိသတ် များထဲက ရုပ်ရှင်ရုံ တစ်ရုံလျှင် (၄)ဦး စီကို  Myanmar Music Wave Show ပွဲလက်မှတ်များ ကိုစိုင်းစိုင်းမှမဲဖေါက်ပေးသွားမှာလည်း ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က ဖွေးဖွေးနဲ့ အတူသရုပ်ဆောင်ဖြစ်တာနဲ့ ပတ်သက်ပြီးတော့ ” ဖွေးဖွေးနဲ့ ကျွန်တော်ဗီဒီယို ကားတွေ တော်တော်များများရိုက်ဖူးတယ်၊ ရုံတင်ခဲ့တဲ့ရုပ်ရှင်ကားကြီးက ကျူးပစ်ရဲ့ကျေးကျွန်များ ဇာတ်ကား အဲ့ဒါလေးရုံ တင်ထားဘူးပါတယ်။ ဖွေးဖွေးနဲ့ ကျွန်တော်နဲ့က အရင်က မြူးဇစ်ဗီဒီယိုတွေ တော်တော်များများ ရိုက်တယ်။ နောက် Sansaumg မှ brand Embesdor အဖြစ် နှစ်ယောက်အတူတူလုပ်ကိုင်နေတယ် ၊ အပြင်မှာ လည်း ပေါင်းဖြစ်တယ်ဆိုတော့ ကျွန်တော်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် စိတ်တူကိုယ်တူ သရုပ် ဆောင် လို့ရတယ်။ ဝတ္ထုထဲက ကာရိုက်တာနဲ့ထပ်တူကျအောင် ဖွေးဖွေးက သရုပ်ဆောင်ထားတာကြောင့် ဇာတ်ကား က ပိုကြွလာတယ်လို့ ကျွန်တော်ထင်ပါတယ်”ဆိုပါတယ်။

#voiceofmyanmar#စိုင်းစိုင်း#

ဓာတ်ပုံ- သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW