ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်ဘေးရှောင် ၃၀၀ နီးပါးတိုးလာ

ပုဏ္ဏားကျွန်း၊ ဒီဇင်ဘာ ၁၅

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်အတွင်း မြန်မာတပ်မတော်နဲ့ AA တို့တိုက်ပွဲတွေဖြစ်ပွားခဲ့မှုကြောင့် မြို့နယ်တချို့တို့မှာ တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေက ကျေးရွာသားတွေဟာ ဘေးလွှတ်ရာကိုထွက်ပြေး ရောက်ရှိလာခဲ့ကြပါတယ်။

အဲဒီကျေးရွားသာတွေဟာ ဘူးသီးတောင်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက ကျေးရွာသားတွေဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့ နယ် အထက်သင်းပုန်းတန်းကျေးရွာကို ဒီဇင်ဘာလ ၁၃ ရက်နေ့ည်နေပိုင်းက စစ်ဘေးရှောင် ၃၀၀ နီးပါးခန့် ထပ်မံရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

“တိုက်ပွဲဖြစ်ပွားတဲ့အတွက် ကျွန်တော်တို့ရွာကို ဖက်ဝမ်းချောင်းကနေ ထွက်ပြေးလာတာ ၄၀ ကျော်ရှိပါတယ်၊ ၁၃ ရက်နေ့က နောက်ထပ် နှစ်ရွာကထွက်ပြေးရောက်ရှိလာတာပါ၊ လူဦးရေ ၂၉၀ ပါပါတယ်၊ စုစုပေါင်းက ၃၃၀ လောက်ရှိနေပါပြီ၊ ကလေးတွေလည်းပါပါတယ်”လို့ အထက်သင်းပုန်းတန်းကျေရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

နောက်ထပ်ထွက်ပြေးလာခဲ့ကြသူများမှာ သပြုချောင်းကျေးရွာနဲ့ ကျောက်ဆည်တောင်ကျေးရွာသားတွေဖြစ်ကြပြီး လက်ရှိမှာ တိုက်ပွဲဖြစ်ပွားခြင်မရှိပေမယ့် စစ်ကြောင်းလှုပ်ရှားမှုတွေ ရှိနေတာကြောင့် ကြောက်ရွံ့ပြီး ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။

“စားရေးသောက်ရေးကတော့ အယင်ရောက်နေတဲ့လူတွေအတွက် မြို့နယ်က ဆန် ၁၀ အိပ်ထောက်ပံ့ပေးထားတယ်၊ နောက်ရောက်လာသူတွေအတွက်တော့ ကျွန်တော်တင်ပြထားပါတယ်။ လောလောဆယ်မှာတော့ ချောင်းနံဘေးမှာ ယာယီတဲတွေနဲ့ ထားပါတယ်၊ လိုအပ်တာကတော့ ကျန်းမာရေးစောင့်ရှောက်မှုပါ၊ ကလေးတွေက အစားမှားတာတွေဖြစ်တတ်တော့ ဝမ်းပျက်ဝမ်းလျှောဖြစ်မှာ စိုးရိမ်ရပါတယ် ”လို့ ဦးသန်းဝင်းက ပြောပါတယ်။

ထပ်မံထွက်ပြေးလာခဲ့ကြတဲ့ ကျေးရွာနှစ်ရွာက အိမ်ထောင်စုပေါင်း ၅၀ ကျော်မှာ ၁၂ နှစ်အောက် ကလေးငယ် ၉၂ ဦးပါဝင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကြောက်ရွံ့ပြီး ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။

#voiceofmyanmar# ပုဏ္ဏားကျွန်းမြို့နယ်#စစ်ဘေးရှောင်၃၀၀နီးပါးတိုး#

Related posts

Leave a Comment

VOM News

FREE
VIEW