အိန္ဒိယနိုင်ငံ ဘုရားကျောင်းတစ်ခုမှာ အစာအဆိပ်သင့်လို့ လူ ၁၁ ဦးသေဆုံး၊ ၉၀ ကျော်ဆေးရုံတင်ထားရ

ဒေလီ၊ ဒီဇင်ဘာ ၁၅-၂၀၁၈

မျိုးဆက် (VOM)

အိန္ဒိယဘုရားကျောင်းတစ်ကျောင်းမှာ ကျွေးမွေးတဲ့  ထမင်းကိုစားသုံးပြီးနောက် ကလေးငယ်နှစ်ဦးအပါအ၀င် လူပေါင်း ၁၁ ဦးသေဆုံးခဲ့ပြီး ၊ လူ ၉၀ ကျော်ကို ဆေးရုံတင်ထားရတယ်လို့ ကာနာတာကာပြည်နယ် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၅ ရက်က ပြောပါတယ်။

ကာနာတာကာပြည်နယ်အတွင်းရှိ ဟိန္ဒူဘုရားကျောင်းမှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ကျွေးတဲ့  အစားအသောက်တွေကို စားသုံးပြီးနောက် ဒီိလို သေဆုံးမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဆေးရုံတင်ထားရတဲ့ သူတွေထဲက လူနာ၁၁ဦးကတော့  အရေးပေါ်အခြေအနေမှာရှိတယ်လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘုရားကျောင်းတာဝန်ရှိသူ လူနှစ်ဦးကို ဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှု တွေလုပ်ဆောင်နေပြီး ကျွေးမွေးတဲ့ အစားအသောက်တွေဟာ အစာအဆိပ်သင့်တာဖြစ်နိုင်တယ်လို့ ကျန်းမာရေးအရာရှိတစ်ဦးက ပြောပါတယ်။

မိမိတို့ကို အနံထွက်နေတဲ့ခရမ်းချဉ်သီးထမင်း တည်ခင်းကျွေးမွေးခဲ့တာဖြစ်တယ်လို့ ပွဲအခမ်းအနားသို့တက်ရောက်တဲ့ လူတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါဘုရားကျောင်းမှ ထမင်းကို မစားသူအားလုံးမှာ  တစ်စုံတစ်ရာမဖြစ်ဘဲ စားသုံးသောသူများသာ အော့အန်ခြင်း၊ အစာအိမ်နာကျင်ခြင်းနဲ့ အသက်ရှူကြပ်တာတွေဖြစ်ခဲ့တယ်လို့ ပွဲတက်ရောက်ခဲ့သူတွေက ပြောပါတယ်။ ယင်းဖြစ်ရပ်ဟာ  ဒီဇင်ဘာ၁၄ရက်က ချာမာရာဂှာနာဂါ ခရိုင်အတွင်းရှိ မာရမ်မာဘုရားကျောင်းမှာ ပြုလုပ်တဲ့ အထူးပွဲအခမ်းအနားတစ်ခုမှာ  ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar#အိန္ဒိယနိုင်ငံ#ဘုရားကျောင်းတစ်ခုမှာအစာအဆိပ်သင့်#

Ref:BBC /Reuter

Photo : Getty Image

Related posts

Leave a Comment

VOM News

FREE
VIEW