အနောက်ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် သြစတြေးလျ တရားဝင်အသိအမှတ်ပြု

ဆစ်ဒနီ၊ ဒီဇင်ဘာ-၁၅

မျိုးဆက် (VOM)

အနောက်ဂျေရုဆလင်ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် တရားဝင် အသိအမှတ်ပြုလိုက်တယ်လို့ သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က ဒီဇင်ဘာ ၁၅ ရက်မှာ အတည်ပြုပြောဆိုပါတယ်။

ဒီလိုအသိအမှတ်ပြုလိုက်တာဟာ သြစတြေးလျရဲ့ ဆယ်စုနှစ်တစ်ခုကြာ အရှေ့အလယ်ပိုင်းမူဝါဒကို ပြောင်းလဲလိုက်တာဖြစ်ပြီး သံရုံးကိုတော့ ချက်ချင်းပြောင်းရွှေ့ဦးမှာမဟုတ်ဘူးလို့ ၀န်ကြီးချုပ်က ပြောပါတယ်။

နောက်ဆုံးအဆင့် ဆုံးဖြတ်ပြီးပါက မိမိတို့အနေနဲ့ သြစတြေးလျသံရုံးကို တဲလ်အဗစ်ကနေ ဂျေရုဆလင်ကို ပြောင်းရွှေ့သွားမယ်လို့ ၎င်းက သတင်းထောက်တွေကိုပြောပါတယ်။

ဒါ့အပြင် ပါလက်စတိုင်းတို့ မျှော်မှန်းထားတဲ့အတိုင်း အရှေ့ဂျေရုဆလင်ကိုလည်း ပါလက်စတိုင်းတို့ရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုတယ်လို့ မော်ရစ်ဆန်က ဆိုပါတယ်။ဂျေရုဆလင်အရေးဟာ အစ္စရေးနဲ့ ပါလက်စတိုင်းနိုင်ငံတို့အတွက် အကဲဆတ်တဲ့ ပြသနာတစ်ရပ်ဖြစ်နေပါတယ်။

ဂျေရုဆလင်ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် အမေရိကန် သမ္မတဒေါ်နယ်ထရန့် ယမန်နှစ်က အသိအမှတ်ပြုခဲ့တာကြောင့် အာရပ်ကမ္ဘာနဲ့ အနောက်ဘက် မဟာမိတ်တွေကို စိတ်အနှောက် အယှက်ဖြစ်စေခဲ့ပြီး  ဝေဖန်မှုတွေလဲ ထွက်ပေါ်ခဲ့ပါတယ်။ အမေရိကန်သံရုံးကိုတော့ တဲလ်အဗစ်ကနေ ဂျေရုဆလင်ကို မေလအတွင်းက ပြောင်းရွှေ့ခဲ့ပါတယ်။

#voiceofmyanmar#အနောက်ဂျေရုဆလင်ကို#အစ္စရေးမြို့တော်အဖြစ်သြစတြေးလျတရားဝင်အသိအမှတ်ပြု#

Ref : Reuter

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW