အမေရိကန်ထုတ် မော်တော်ယာဉ်တွေအပေါ် ထပ်ဆောင်းအခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမှုကို တရုတ်နိုင်ငံ ယာယီဆိုင်းငံ့

ပေကျင်း၊ ဒီဇင်ဘာ ၁၅-၂၀၁၈

မျိုးဆက် (VOM)

အမေရိကန်ထုတ် မော်တော်ယာဉ်တွေအပေါ် ၂၅ ရာခိုင်နှုန်း ထပ်ဆောင်း အခွန်ကောက်ခံတာကို ၂၀၁၉ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေစပြီး ယာယီဆိုင်းငံထားမယ်လို့ တရုတ် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နှစ်နိုင်ငံအကြား အပြန်အလှန်အခွန်တိုးမြင့်ကောက်ခံတာတွေကို ရက် ၉၀ ကြာရပ်ဆိုင်းဖို့အတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သူမ္မတ ရှီကျင်းပင်တို့ သဘောတူပြီးတဲ့နောက်မှာ တရုတ် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီလိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီလိုထပ်ဆောင်းအခွန်ကောက်ခံတာကို ဆိုင်းငံ့လိုက်တာက အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ကုန်ပစ္စည်းတွေအပေါ် ထပ်ဆောင်းခွန် အပြန်အလှန်အခွန်ကောက်ခံတာတွေအားလုံးကိုဖယ်ရှားဖို့ ဆွေးနွေးညှိနှိုင်းမှုတွေကို အရှိန်မြင့်နိုင်မယ်လို့ မျှော်လင့်တယ်လို့ တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက ၎င်းရဲ့ ၀က်ဘ်ဆိုက်မှာ ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံရဲ့ ဒီလိုလုပ်ဆောင်ချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြိုဆိုလိုက်ပြီး တရုတ်နိုင်ငံဟာ ကြီးမားပြီးနားလည်မှုရှိတဲ့ သဘောတူညီချက်တစ်ရပ်လုပ်ဆောင်ဖို့ ဆန္ဒရှိနေပြီး အဆိုပါကိစ္စဟာ မကြာမီဖြစ်လာနိုင်တယ်လို့ ၎င်းရဲ့ တွစ်တာစာမျက်နှာမှာရေးသားထားပါတယ်။

နှစ်နိုင်ငံအနေနဲ့  ကုန်သွယ်ရေးအငြင်းပွားမှုများအတွက် ဆက်လက်ဆွေးနွေးသွားဖို့နဲ့ ရက် ၉၀ အတွင်း တည်ငြိမ်မှုတစ်ရပ်ရရှိဖို့ ဒေါ်နယ်ထရန့်နဲ့ ရှီကျင်းပင်တို့ တွေ့ဆုံခဲ့ရာမှာ သဘောတူခဲ့ကြပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေမှာ  တိုးတက်ဖြစ်ထွန်းမှုဖြစ်ပေါ်ဖို့ ဆန္ဒရှိတာကြောင့် အမေရိကန် မော်တော်ယာဉ်တွေအပေါ် ထပ်ဆောင်းအခွန်ကောက်ခံတာကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။

#voiceofmyanmar#အမေရိကန်#ထပ်ဆောင်းအခွန်၂၅ရာခိုင်နှုန်းကောက်ခံမှုတရုတ်ယာယီဆိုင်းငံ့#

Ref :Reuter

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW