တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဘူးသီးတာင်က ကျေးရွာတချို့ကို ဝင်ရောက်စစ်ဆေး

ဘူးသီးတောင်၊ ဒီဇင်ဘာ ၁၆-၂၀၁၈

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဘူးသီးတောင်မြို့နယ်က ကျေးရွာတွေမှာ ၀င်ရောက်စစ်ဆေး မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလိုမျိုး ကျေးရွာတွေကိုဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်နေတဲ့အတွက် ကျေးရွာသားတချို့တို့ဟာ စိုးရိမ်မှုတွေကြောင့် ကျေးရွာအတွင်းမနေရဲတဲ့အထိဖြစ်နေကြတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

“တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် တချို့ကျေးရွာတွေက ထွက်ပြေးခဲ့တကြတာတွေရှိခဲ့တယ်၊ အခုတော့ပြန်သွားကြပါပြီ၊ နောက်ဆက်တွဲပြဿနာက အဲဒီစိုင်းဒင်ချောင်းတစ်လျှောက်က ကျေးရွာတွေနဲ့ စံဂိုးထောင်တို့ နွားရုံတောင်တို့၊ ဥယျာဉ်သာတို့ကျေးရွာတွေကို ၀င်စစ်တယ်လို့ သိရတယ်၊ ရွာသားတွေက ရွာမှာမနေရဲတဲ့အထိဖြစ်နေကြပါတယ်”လို့ ဦးအောင်သောင်းရွှေကပြောပါတယ်။

ဒါ့အပြင်အဲဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာက ကျေးရွာအများစုတို့ဟာ ပိတ်မိနေကြပြီး သွားလာရေးအဆင်မပြေမှုတွေကြောင့် လုပ်ကိုင်စားသောက်ဖို့ အခက်အခဲနဲ့ကြုံနေကြတယ်လို့ ပြောပါတယ်။

“အထူးသဖြင့်တော့ အဲဒီစိုင်းဒင်ချောင်းအတွင်းက ကျေးရွာတွေပေါ့၊ အဲဒီရွာကလူတွေက တောတောင်တွေကိုမှီခိုပြီးတာ့ လုပ်ကိုင်စားသောက်နေကြတာပါ၊ အခုဘယ်မှ သွားလာလို့မရတော့ အခက်အခဲတွေရှိနေတာပေါ့”လို့ ဦးအောင်သောင်း ရွှေက ပြောပါတယ်။

ကျေးရွာသားတွေကို စစ်ဆေးမှုတွေပြုလုပ်တဲ့အခါမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ကို ခေါ်ယူစစ်ဆေးခြင်း၊ နေအိမ်တွေကို တက်မွှေခြင်းတွေပြုလုပ်ပြီး ကျေးရွာသားတွေဆီက ဖုန်းတွေကိုလည်း သိမ်းဆည်းတာမျိုးတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

#voiceofmyanmar#ဘူးသီးတောင်#တိုက်ပွဲဖြစ်ပွားပြီးကျေးရွာတွေဝင်စစ်#

ဓါတ်ပုံ-စိုင်းဒင်ချောင်းထဲက လှုပ်ရှားမှုမြင်ကွင်းဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW