မြန်မာနိုင်ငံမှာ မော်ဒယ်တစ်လိုင်းတည်းနဲ့ ရပ်တည်ဖို့ခက်ခဲတယ်ဆိုတဲ့ မေဘရဏီသော်

ရန်ကုန် ဒီဇင်ဘာ ၁၆-၂၀၁၈

သင်းသဒ္ဒါ(VOM)

မျက်နှာချိုချိုလေးနဲ့ အလှမယ် မေဘရဏီသော်ကတော့ မြန်မာနိုင်ငံမှာ မော်ဒယ်တစ်လိုင်းတည်းနဲ့ ရပ်တည်ဖို့ ခက်ခဲတယ်ဆိုတဲ့ ဆိုလာပါတယ်။

“မေသော်တို့ လိုင်းတစ်ခုထဲ သွားဖို့ကအရမ်းကို ခက်ခဲမှုတွေ ပင်ပန်းမှုတွေ အများကြီး ရှိပါတယ်၊ ဒါကြောင့်မို့ မော်ဒယ်လ်လိုင်းပဲ တစ်ခုပဲမရပ်တည်ပဲ အခွင့်အရေးရရင် ရသလို အဖက်ဖက်ကို သွားကြည့်ဖြစ် ပါတယ်၊ ဒါကြောင့် မေသော်အနေနဲ့ အတွေ့အကြုံသစ်တွေနဲ့ စိန်ခေါ်မှုတွေတော့ဖြစ်ပါတယ်”လို့ဆိုပါတယ်။

လတ်တလောမှာတော့ ဖက်ရှင်ရှိုးပွဲတွေ Photo တွေကို ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ Miss Universe Myanmar 2015 ရဲ့ အလှမယ် မေဘရဏီသော်ကတော့ အနုပညာနဲ့ ပတ်သက်ပြီးတော့ ပညာ ရပ်တွေ လေ့ လာသင်ယူနေတယ်လို့လည်း သိရပါတယ်။ ဇာတ်လမ်းတွဲဖြစ်တဲ့ ဇနီးချောများကွန်ရက်မှာလည်း သရုပ်ဆောင် တွေဖြစ်တဲ့ စိုးပြည့်သဇင် ၊ ခင်သဇင် ၊ မြနှင်းရည်လွင်တို့နဲ့ အတူ တွဲဖက်သရုပ်ဆောင်ထား သူလည်း ဖြစ်ပါတယ်။

” မေသော်ကို သရုပ်ဆာင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ ကမ်းလှမ်းထားတာတွေတော့ ရှိပါတယ်၊ ကိုယ့်တ ကယ်အမီ လိုက်နိုင်တဲ့ ကာရိုက်တာဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်၊ ကိုယ့်တကယ် လုပ်ဆောင်နိုင်မယ့် ကာ ရိုက်တာတွေပဲ ရိုက်ကူးဖြစ်မှာပါ၊ တချို့ ထုတ်လုပ်ရေးတွေက အချိန်တွေကုန်ခံပြီး ပေးဆပ်ထားရတာ ဆိုတော့ အားနာရပါတယ်၊ ဒါကြောင့် ကိုယ့်လုပ် ဆောင်နိုင်မယ့် ကာရိုက်တာပဲ ရွေးချယ် သရုပ်ဆောင် ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

#voiceofmyanmar#အလှမယ်မေဘရဏီသော်#

ဓာတ်ပုံ- သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW