မောင်တောမှာ မရမာကြီးနှစ်ယောက်ကို ဘင်္ဂါလီတွေ ဓါးနဲ့ခုတ်လို့ တယောက်ဒဏ်ရာပြင်းထန်

မောင်တော၊ ဒီဇင်ဘာ ၁၈-၂၀၁၈

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းဒေသ ကြိမ်ချောင်းကျေးရွာက ငါးဖမ်းသမား မရမာကြီးအမျိုးသားနှစ်ယောက်ဟာ  အကြမ်းဖက်ဘင်္ဂါလီတွေရဲ့ တိုက်ခိုက်မှုခံလိုက်ရပြီး တစ်ယောက်ကတော့  ဦးခေါင်းမှာ ဒါဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

အဲဒီ အကြမ်းဖက်ခံရသူ မရမာကြီးလူမျိုးနှစ်ဦးတို့ဟာ ကြိမ်ချောင်းကျေးရွာက စောထွန်းဦးဆိုသူနဲ့ မောင်သာလှဆိုသူ တွေဖြစ်ကြပြီး ညအချိန် ချောင်းအတွင်းငါးရှာနေစဉ် အကြမ်းဖက် ဘင်္ဂါလီ ၆ ဦးပါတဲ့ လှေနှစ်စီးရောက်ရှိလာခဲ့ပြီး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ကြတဲ့အခါမှာ ထွက်ပြေးတဲ့အတွက် ဝိုင်းဝန်းရိုက်ပုတ်ခဲ့ကြတာဖြစ်ပါတယ်။

“မရာမာကြီးတွေအသတ်ခံရတယ်ဆိုတာဟုတ်ပါတယ်။ မနေ့ညကဖြစ်တာပါ။ ကျွန်တော်တို့ ရွာသားနှစ်ယောက်က ညနေပိုင်းမှာ စားငါးသွားရှာတာပြန်မရောက်လို့ ကျွန်တော်အပါအဝင် ရွာသား ၁၅ ယောက်လောက် လိုက်ရှာနေတုန်း ရေတွင်းပြင်ကမ်းမှာ တွေ့ခဲ့တာဖြစ်ပါတယ်။ တစ်ယောက်ကတော့ ဒါဏ်ရာပြင်းထန်တယ်။ တစ်ယောက်တော့လွတ်သွားတယ်။ကျွန်တော်တို့ ရွာကိုယူလာပြီးတော့ ဆေးဝါးကုသပေးပြီးသူတို့ရွာကိုပို့ဆောင်ပေးခဲ့ပါတယ်။”လို့ အထက်ပြူးမကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းလှိုင်က ပြောပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ည ၁၂ နာရီနီးပါးခန့်မှာ ဖြစ်ပွားခဲ့တဲဖြစ်ပြီး အထက်ပြူးမကျေးရွာသားနှစ်ဦး ငါးရှာထွက်သွားချိန်မှာပျောက်ဆုံးသွားတဲ့အတွက် ကျေးရွာသားတွေလိုက်ရှာနေစဉ် အော်ဟစ်အကူအညီတောင်း သံတွေကို ကြားတဲ့အတွက်သွားရောက်ခဲ့ကြရာမှာ ဒဏ်ရာရရှိထားတဲ့ မရမာကြီးနှစ်ဦးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“ဖြစ်စဉ်ကတော့ ကျွန်တော်တို့ မသိလိုက်ဘူးဗျ။ ညဆိုတော့ အဲဒီကုလားတွေကိုလည်း မမြင်လိုက်ရဘူး။ သူတို့ထွက်ပြေးသွားကြတာပေါ့။ သူတို့ပြောပြတာက ပိုက်မျှောနေတဲ့အချိန်မှာ ကုလားလှေနှစ်စီးရောက်လာတယ်။ ပြီးတော့သူတို့လှေကို တစ်ဖက်တစ်စီးညှပ်ထားလိုက်တယ်။ နောက်ပြီး သူတို့ကိုကြိုးနဲ့တုတ်တယ်လို့ပြောတယ်။ အဲဒီမှာ တစ်ယောက်က အတုတ်မခံဘဲ ချောင်းထဲခုန်ဆင်းသွားတဲ့အချိန်မှာ ကုလားတွေက လှော်တက်နဲ့ လိုက်ပြီးရိုက်တာခံလိုက်ရတယ်လို့ ပြောပါတယ်။”လို့ ဦးမောင်ထွန်းလှိုင်က ပြောပါတယ်။

လက်ရှိမှာတော့ အထက်ပြူးမကျေးရွာသားနှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီးတော့ ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း မောင်တောမြို့နယ် သစ်တောကျေးရွာက မိန်းကလေးငယ်တစ်ဦး နွားကျောင်းသွားစဉ် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

#voiceofmyanmar #မောင်တော #ဘင်္ဂါလီ #မရမာကြီး

Related posts

Leave a Comment

VOM News

FREE
VIEW