၂၀၁၈ ခုနှစ်အတွင်း သတင်းသမား ၅၃ ဦး အသတ်ခံရ

နယူးယောက်၊ ဒီဇင်ဘာ ၁၉-၂၀၁၈

မျိုးဆက် (VOM)

၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ သတင်းသမား ၅၃ ဦးအသတ်ခံခဲ့ရပြီး သုံးနှစ်အတွင်း အမြင့်ဆုံးအရေအတွက်ဖြစ်တယ်လို့ နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မတီက ဒီဇင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၆ ခုနှစ်မှာ သတင်းသမား ၅၀ ဦး၊ ၂၀၁၇ ခုနှစ်မှာ ၄၇ ဦးနဲ့ ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၁၄ ရက်အထိ သတင်းသမား ၅၃ ဦးအထိ သတ်ဖြတ်ခံပြီး ဒီနှစ်မှာ အရေအတွက်ပိုမိုများပြား လာတာဖြစ်ပါတယ်။

ဒီလိုသေဆုံးမှုတွေမှာ ပုံစံသုံးမျိုးရှိပြီး သတင်းသမားတွေအပေါ် လက်တုံ့ပြန်သတ်ဖြတ်တာကြောင့် ၃၄ ဦး၊ စစ်ပွဲများဖြစ်ပွားရာဒေသတွေမှာ သတင်းယူရင်း ၁၁ ဦးနဲ့ အကြမ်းဖက်ဆန္ဒပြခြင်းကဲ့သို့ အန္တရာယ်ရှိတဲ့ နေရာတွေမှာ သတင်းယူရင်း ရှစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းသမားများ ကာကွယ်ရေးကော်မတီက ပြောပါတယ်။

ဒီဖြစ်စဉ်တွေထဲမှာ သတင်းသမားတွေအပေါ် လက်တုံ့ပြန်သတ်ဖြတ်တာဟာ ၂၀၁၇ ခုနှစ်က ၁၈ ဦးသာရှိရာကနေ ၂၀၁၈ ခုနှစ်မှာ ၃၄ ဦးအထိရှိလို့ နှစ်ဆနီးပါးမြင့်တက်လာတယ်လို့ ကော်မတီက ဆိုပါတယ်။

၂၀၁၈ ခုနှစ်တွင် သတင်းသမားများ အသတ်ခံရခြင်းနဲ့ ထောင်ကျတာတွေတိုးမြင့်လာတာနဲ့ပတ်သက်ပြီး သတင်းသမားတွေရဲ့ အခွင့်အရေးနဲ့ ဘေးကင်းလုံခြုံရေးအတွက် နိုင်ငံတကာက ဦးဆောင်ဦးရွက်မပြုတာနဲ့ ပတ်သက်ပြီး သတင်းသမားများ ကာကွယ်ရေးကော်မတီက ပြစ်တင်ပြောဆိုပါတယ်။

လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်းမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၃၄၈ ဦးရှိနေတယ်လို့ ပါရီအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar#၂၀၁၈ခုနှစ်အတွင်း#သတင်းသမား၅၃ဦးအသတ်ခံရ#

Ref: UPI

Photo : AFP

Related posts

Leave a Comment

VOM News

FREE
VIEW