ခန္တီးမြို့၌ လေယာဉ်အပိုင်းအစ ဟု ယူဆရတဲ့ အရာတစ်ခု ကောင်းကင်ပေါ်က ပြုတ်ကျ

ခန္တီး၊ ဒီဇင်ဘာ ၂၂-၂၀၁၈

မိုင်ချယ်ရီ(VOM)

စစ်ကိုင်းတိုင်း ခန္တီးမြို့ပေါ်မှာ လေယာဉ်အပိုင်းအစ လို့ ယူဆရတဲ့ အစိတ်အပိုင်းတစ်ခုဟာ ဒီနေ့မနက် ၆ နာရီ ၀န်းကျင်အချိန်ခန့်က ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန က တာဝန်ရှိသူတစ်ဦး ရဲ့ ပြောကြားချက်အရ သိရပါတယ်။

လေယာဉ်ကိုယ်ထည်ရဲ့ အပိုင်းအစလို့ယူဆရတဲ့ အလျား ၉ ပေ ၈ လက်ခွဲ တစ်ဖက်အနံ ၄ ပေ ၃ လက်မ နဲ့ တစ်ဖက်အနံ ၂ပေ ၈ လက်မ အရွယ်အစားရှိတဲ့ အပိုင်းအစ ဟာ ဆိုရင် ဆူညံတဲ့ ပေါက်ကွဲသံ ပုံစံမျိုး ကြားရပြီးတဲ့ နောက်မှာ ခန္တီးမြို့ မေတ္တာရပ်ကွက် မှာ ရှိတဲ့ ခန္တီးမြို့တွင်းကနေ ခန္တီးမြို့ လေယာဉ်ကွင်းဆိပ် ကို သွားတဲ့ ကားလမ်းပေါ်မှာ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခန္တီးခရိုင် အုပ်ချုပ်ရေးမှူး ဦးလှမျိုး က “အပိုင်းအစ က လေယာဉ်လို့လဲ ပြောလို့မရသေးဘူး ထင်ရတာပေါ့နော်၊ဒီဟာကို ဓါတ်ပုံရိုက်ပြီး တိုင်းအစိုးရ အဖွဲ့ရော လေတပ်တို့ဘာတို့ရော ပို့ထားတယ်” လို့ ပြောပါတယ်။

ကားလမ်းပေါ်မှာ ပြုတ်ကျနေတာကို တွေ့ရှိခဲ့ရတဲ့ အပိုင်အစကို ခန္တီးမြို့ လေဆိပ်ထဲမှာရှိတဲ့ လေဆိပ် အဆောက်အဦးထဲ သယ်ဆောင်ထားပြီး အသေးစိတ်လေ့လာမှုတွေ ဆက်လုပ်နေကြပါတယ်။

လေယာဉ်အပိုင်းအစ လို့ ယူဆရတဲ့ အပိုင်းအစ ပေါ်မှာ တရုတ်ဘာသာစကားနဲ့ရေထွင်းထားတဲ့ စာလုံးတွေ ပါရှိတာကို တွေ့ရပြီး ရန်ကုန်-မန္တလေးစတဲ့ မြို့တွေကနေ တဆင့် ခန္တီးမြို့ကို ဆင်းမယ့် ခန္တီးမြို့ကနေ တက်မယ့် လေယာဉ်လိုင်း ခရီးစဉ် ပြေဆွဲတာ ဒီနေ့ မနက် မှာ မရှိကြောင်းနဲ့ ဒီဖြစ်စဉ်ကြောင့် လူတွေထိခိုက်ဒဏ်ရာရတာ အဆောက်အဦးတွေ ပျက်စီးတာ မရှိဘူးလို့လည်း သိရပါတယ်။

#voiceofmyanmar#ခန္တီး#လေယာဉ်အပိုင်းအစယူဆရတဲ့အရာပြုတ်ကျ#

Photo.ko ohn lwin Hkamti

Related posts

Leave a Comment

VOM News

FREE
VIEW