အမေရိကန်စတော့ရှယ်ယာဈေးကွက် ဆယ်စုနှစ်အတွင်း အဆိုးဆုံး အခြေအနေရောက်ရှိနေ

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၂-၂၀၁၈

မျိုးဆက် (VOM)

အမေရိကန်နိုင်ငံမှာ တရုတ်နဲ့ ကုန်သွယ်ရေးတင်းမာမှု၊ ဘဏ်တိုးနှုန်းမြင့်တက်မှု နဲ့ မတည်ငြိမ်သောဈေးကွက်တွေကို အစိုးရကပိတ်ပစ်နိုင်ဖွယ်ရှိတဲ့ အနေအထားတွေဖြစ်ပေါ်နေချိန်မှာ စတော့ရှယ်ယာဈေးကွက်ဟာလည်း ဆယ်စုနှစ်တစ်ခုအတွင်း အပတ်စဉ်အဆိုးရွားဆုံးကျဆင်းမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

နည်းပညာကို အဓိကထားလုပ်ဆောင်တဲ့  Nasdaq ကုမ္ပဏီရဲ့ရှယ်ယာတွေဟာ  အမြင့်ဆုံးအနေအထားမှ ၂၀ရာခိုင်နှုန်းထိအောင်ကျဆင်းခဲ့ပြီး ရှယ်ယာညွှန်းကိန်းများအားလုံးဟာ ပိုမိုနိမ့်ကျတဲ့  အနေအထားဖြင့်ဈေးပိတ်ခဲ့ရပါတယ်။

Dow Jones Industrial Average ကုမ္ပဏီရဲ့ ရှယ်ယာညွှန်းကိန်းတွေကတော့ ၂၀၀၈ခုနှစ်နောက်ပိုင်း အပတ်စဉ် အကြီးမားဆုံးကျဆင်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။  S&P ကုမ္ပဏီကတော့ တစ်ပတ်ကို ၇ရာခိုင်နှုန်းကျဆင်းနေတယ်လို့ သိရပါတယ်။

ဒီလို စတော့ရှယ်ယာဈေးကွက် ကျဆင်းနေတာဟာ ၂၀၁၁ခုနှစ် သြဂုတ်လနောက်ပိုင်း ရာခိုင်နှုန်းအားဖြင့် အပတ်စဉ်အကြီးမားဆုံးကျဆင်းမှုဖြစ်ပြီး  Nasdaq ကုမ္ပဏီရဲ့ စတော့ရှယ်ယာ ၈ဒသမ၃၆ ရာခိုင်နှုန်းကျဆင်းတာကတော့ ၂၀၀၈ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အဆိုးရွားဆုံး ဈေးကွက်ကျဆင်း မှုဖြစ်တယ်လို့ ဆိုပါတယ်။

စီးပွားရေးတိုးတက်မှုနှုန်း ၂ ဒသမ ၅ရာခိုင်နှုန်းအထိရှိမယ်လို့ စက်တင်ဘာလမှာ  အမေရိကန် ဗဟိုဘဏ်က ခန့်မှန်းထားရာကနေ ၂၀၁၉ ခုနှစ်တွင် ၂ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားမယ်လို့ ဟောကိန်း ထုတ်ထားပါတယ်။

#voiceofmyanmar#အမေရိကန်စတော့ရှယ်ယာဈေး#ဆယ်စုနှစ်အတွင်းအဆိုးဆုံးအခြေအနေရောက်#

Ref : BBC

Photo : Getty Image

Related posts

Leave a Comment

VOM News

FREE
VIEW