ပုပ္ပားတောင်ရှိ သဘာဝရေထွက်များ မပျောက်ကွယ်စေရေး ထိန်းသိမ်းမှုပြုလုပ်

ကျောက်ပန်းတောင်း၊ ဒီဇင်ဘာ ၂၄-၂၀၁၈

စောပြည့်ချမ်းသာ(VOM)

မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မှာ ရှိတဲ့ သဘာဝရေထွက်တွေကို မပျောက်ကွယ်စေရေး နဲ့  ရေရှည်တည်တံရေး အတွက် ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်နေရပါတယ်။

ပုပ္ပားတောင်မှာ ယခင်က ရေထွက်ပေါင်း ၁၀၀ ကျော် ရှိရာကနေ လက်ရှိမှာ ရေထွက် ၃၆ ခု သာရှိပြီး  လျော့နည်း လာတဲ့အတွက် ကျန်တဲ့ရေထွက်တွေ ရေရှည်တည်တံရေး အတွက် ဒီဇင်ဘာ ၂၂ ရက်နေ့က ပုပ္ပားတောင် ဂေါပက အဖွဲ့ဝင်တွေ က ကွင်းဆင်းပြီး သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်နေတယ်လို့ ပုပ္ပားတောင်ဂေါပကအဖွဲ့ဝင် ဦးကျော်ဝင်းဆွေက ပြောပါတယ်။

”ကျွန်တော်တို့ က ရေထွက်တဲ့လမ်းကြောင်းမှာရှိတဲ့ အမှိုက်တွေကို လိုက်လံရှင်းလင်းတယ်၊ ပြီးတော့ ရေထွက်ပေါက်တွေအနီးက ရေသွယ်တန်းဖို့ထားတဲ့ ရေစုပ်မော်တာတွေ၊စက်တွေ ရဲ့ အခြေအနေကို ထိန်းသိမ်းသင့်တာ ထိန်းသိမ်းလို့ရအောင် သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့တယ်လွန်ခဲ့တဲ့ သုံးနှစ်ခွဲလောက်က ရေထွက်ပေါက်တွေ ရေထွက်အား လျော့သွားတယ် ခုနောက်ပိုင်း ရေထွက်ပေါက်တွေ ရေထွက်အားကောင်းလာတာကို တွေ့ရတယ် “ဟု ၎င်းကဆက်လက်ပြောပါတယ်။

ပုပ္ပားတောင်ကြီးမှာ ယခင်က ရေထွက်ပေါင်း ၁၀၀ ကျော် ရှိရာက လွန်ခဲ့ တဲ့ဆယ်စုနှစ်ခန့်ကစပြီး သစ်ပင်များ မဆင်မခြင်ခုတ်လှဲခြင်း၊တရားမဝင် ကျောက်တူးဖော်ယူတာတွေကြောင့် ရေထွက်တွေ လျော့နည်းခဲ့ပြီး လက်ရှိမှာကျန်တဲ့ရေထွက်တွေ တိမ်ကောပျောက်ကွယ်မသွားအောင် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊အသင်းအဖွဲ့များကထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်ငန်းစဉ်များအနေနဲ့ ရေထွက်များအား စနစ်တကျ ပြုပြင်ဆောင်ရွက်ခြင်း၊သစ်ပင်များ ပြန်လည် စိုက်ပျိုးခြင်းတွေ ပြုလုပ်ဆောင်ရွက်နေတယ်လို့ မန္တ​လေးတိုင်း​ဒေသကြီးလွှတ်​​တော်​ သယံဇာတ နဲ့သဘာဝပတ်​ဝန်းကျင်​​ရေးရာ​ကော်​မတီက ဥက္ကဌ ဦးအေးခိုင် က ပြောပါတယ်။

၁၉၀၂ ခုနှစ် က မီးတောင်ဟောင်းတစ်ခု ဖြစ်တဲ့ပုပ္ပားတောင်ကြီးကို သစ်တောကြိုးဝိုင်းအဖြစ် စတင်ထူထာင်ခဲ့ပြီး ၁၉၇၃ ခုနှစ် မှာ  တိုးချဲ့ ခဲ့ကာ၊ ၁၉၈၂ ခုနှစ်မှာတော့ သဘာဝထိန်းသိမ်းရေး နယ် မြေအအဖြစ် စတင်ကာ၁၉၉၃ ခုနှစ်တွင်  အများပြည်သူ လေ့လာ နိုင် စေရန်  ဖွင့်လှစ်ပေးခဲ့ပြီး ပုပ္ပားတောင်ရဲ့ စုစုပေါင်း ဧရိယာ မှာ ၄၇၉၉၃ ဧက ဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar#ပုပ္ပားတောင်#သဘာဝရေထွက်မပျောက်ကွယ်စေရေးထိန်းသိမ်းမှုပြုလုပ်#

Related posts

Leave a Comment

VOM News

FREE
VIEW