နိုင်ငံတကာ ဝေလငါးကော်မရှင်မှ ဂျပန်နှုတ်ထွက်၊ စီပွားဖြစ်ဝေလငါးဖမ်းဆီးခြင်း ပြန်လည်စတင်မည်

တိုကျို၊ ဒီဇင်ဘာ ၂၆-၂၀၁၈
မျိုးဆက် (VOM)

နိုင်ငံတကာအသိုင်းအ၀ိုင်းက ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်နိုင်ဖွယ်ရှိတဲ့ အပြောင်းအလဲတစ်ရပ်အဖြစ် စီးပွားဖြစ် ဝေလငါးဖမ်းဆီးတွေကို ဇူလိုင်လမှာ ဂျပန်နိုင်ငံက ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။

ဒါ့အပြင် ဝေလငါထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်နေတဲ့ နိုင်ငံတကာ ဝေလငါးကော်မရှင်မှလည်း ဂျပန်နိုင်ငံက နှုတ်ထွက်တော့မှာဖြစ်ပါတယ်။ အချို့သော ဝေလငါးမျိုးစိတ်တွေဟာ မျိုးသုံးလုနီး ပါးဖြစ်ပေါ်ပြီးနောက် ၁၉၈၆ ခုနှစ်မှာ နိုင်ငံတကာဝေလငါးကော်မရှင်က စီးပွားဖြစ်ဝေလငါးဖမ်းဆီးတာတွေကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

၁၉၅၁ ခုနှစ်ကတည်းက နိုင်ငံတကာဝေလငါးကော်မရှင်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံမှာ ဝေလငါးစားသုံးတာဟာ ဂျပန်နိုင်ငံရဲ့ နိုင်ငံယဉ်ကျေးမှု တစ်ရပ်ဖြစ်တယ်လို့ ဂျပန်တာဝန်ရှိသူများက ဆိုပါတယ်။

ဂျပန်နိုင်ငံဟာ သိပ္ပံဆိုင်ရာ သုတေသနပြုရန်အတွက်ဆိုပြီး ဝေလငါးတွေကို နှစ်ပေါင်းများစွာ ဖမ်းဆီးပြီး အသားတွေကိုရောင်းချခဲ့တာနဲ့ ပတ်သက်ပြီး ဝေလငါးထိန်းသိမ်းစောင့်ရှောက်အဖွဲ့တွေက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ဂျပန်အစိုးရရဲ့ စီးပွားဖြစ် ဝေလငါးဖမ်းဆီးမယ်ဆိုတဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ ဝေလငါးထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေက သတိပေးပြောဆိုပါတယ်။

#voiceofmyanmar#ဂျပန်​#နိုင်ငံတကာ​ဝေလငါးကော်မရှင်မှနှုတ်​ထွက်​#
Source : Reuter/BBC
Photo : AFP

Related posts

Leave a Comment

VOM News

FREE
VIEW