မြေယာနှင့်သီးနှံများအတွက် လျော်ကြေးငွေ ကျပ်သိန်းပေါင်း ငါးထောင့်​လေးရာကျော်ပေးအပ်

ကသာ၊ ဒီဇင်​ဘာ ၂၉-၂၀၁၈
နိုင်ကြီး (ကသာ) (VOM)

စစ်ကိုင်းတိုင်း ကသာမြို့မှာ ၂၀၀၇ ခုနှစ် က စတင်ဖေါက်လုပ်ခဲ့တဲ့ ကသာ – ဗန်းမော် မီးရထားလမ်း စီမံကိန်းမှာ ပါဝင်သွားခဲ့တဲ့ မြေယာ နဲ့ သီးနှံ တွေအတွက် လျော်ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ (၂၉)ရက်နေ့ နံနက်(၉း၃၀)အချိန်မှာ ကသာခရိုင်ထွေ/အုပ်ရုံး ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ် ။

မြေယာ နဲ့ သီးနှံတွေ အတွက် လျော်ကြေးတွေကို ကျေးရွာအုပ်စု (၆)အုပ်စု ကို ကျေးရွာအုပ်စု တစ်စုခြင်းစီ အတွက် အားလုံး စုစုပေါင်း (၅၄၇၃၉၂၆၀၂) ကျပ် တို့ကို တောင်သူဦးရေ (၁၈၇)ဦး ကိုယ်စား တောင်သူကိုယ်စားလှယ်​တွေက လက်ခံရယူခဲ့တာ ဖြစ်ပါတယ် ။

ကသာ – ဗန်းမော် မီးရထားလမ်းကို ၂၀၀၇ ခုနှစ် က စတင်ဖောက်လုပ်ခဲ့ပြီး ကသာမြို့ မှ ဗန်းမော်မြို့ အထိ တစ်ဆက်တည်း ဖောက်လုပ်မှုမပြီးစီးမီ ၂၀၁၀ ဖေဖော်ဝါရီ လ က ကသာမြို့မှာ မီးရထားလမ်းဖွင့်ပွဲ ပြုလုပ်ခဲ့ပြီး
ကသာမြို့ က​နေ ချောင်းဝကျေးရွာ အထိ မီးရထားပြေးဆွဲမှုကို စတင်ခဲ့ပြီး နှစ်နှစ်မကြာမီ မီးရထားပြေးဆွဲမှု ရပ်တန့်သွားခဲ့ပါတယ် ။

အဲဒီနောက် မီးရထားလမ်း ဖောက်လုပ်မှု စီမံကိန်းကြီးလည်း ရပ်တန့်သွားပြီး စီမံကိန်းအတွက် သုံးစွဲငွေတွေဟာ ကျပ်သန်းပေါင်း မြောက်များစွာရှိတယ် လို့ သိရပါတယ်။

#voiceofmyanmar#ကသာ#သီးနှံ​လျော​ကြေး​ငွေ​ပေး#

Related posts

Leave a Comment

VOM News

FREE
VIEW